DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် ပုလဲမြို့နယ်တို့တွင် ပျူစောထီးများ အလင်းဝင်
DVB
·
January 14, 2024
ကလေးနှင့် ပုလဲမြို့နယ်တို့တွင် ပျူစောထီးများ အလင်းဝင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ပျူစောထီးအဖွဲ့ဝင်တယောက်ဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသလို ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာက ပြည်သူ ၅ ယောက်ဟာလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို ခိုလှုံလာခဲ့ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာကျေးရွာအုပ်စုက ပျူစောထီးအဖွဲ့ဝင် ၁ ယောက်ဟာ အလင်းဝင်လိုကြောင်း ဆက်သွယ်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က လက်နက်ခဲယမ်းနဲ့အတူ ရောက်လာခဲ့တာလို့ CDF-KKG (Chiland Defense Force-Kale Kabaw Gangaw) တာဝန်ရှိသူက ပြောပါတယ်။

သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး လက်နက်ပါလာတဲ့အတွက် ကျပ်သိန်း ၂၀ ဆုချပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-KKG အဖွဲ့ဝင်တယောက်က “ကာဘိုင်သေနတ် ၁ လက်နဲ့ ကျည်တောင့် ၁၇၀ ပါလာခဲ့တယ်။ လက်နက်ပါလို့ ကျနော်တို့အဖွဲ့က သူ့ကို ဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ တနေရာကို ပို့ပေးထားခဲ့တယ်။ ရိုက်နှက်ခြင်း၊ အတင်းအဓမ္မ မေးမြန်းခြင်းတွေ ကျနော်တို့ မပြုလုပ်ပါဘူး။ လိုအပ်တဲ့ စစ်ဆေး‌မှုတော့လုပ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင် ရေရှည်တည်တံ့ရေးအတွက် အကျိုးပြုလုပ်ဆောင်နေကြတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ၊ Non-CDM ဝန်ထမ်းတွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ကြဖို့ CDF-KKG က အသိပေးထားပြီး မိမိတို့ တပ်ဖွဲ့ဆီ ချိတ်ဆက်‌ အလင်းဝင်လို့ရတယ်လို့လည်း CDF-KKG က ဆိုပါတယ်။

ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာက ပြည်သူ ၅ ယောက်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ နေ့ခင်းပိုင်းက ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အမျိုးသမီးတယောက်နဲ့အတူ ကလေးတယောက်၊ အမျိုးသားတယောက်နဲ့အတူ ကလေးတယောက်၊ နောက်ထပ်အမျိုးသားတယောက်တို့ ဖြစ်ပါတယ်။

ပုလဲ ပအဖ အဖွဲ့ တာဝန်ရှိသူ ကိုဇော်ထွန်းက “ဇန်နဝါရီ ၁၂ ရက်နေ့က ပျူရွာကနေ ထွက်ပြေးလာပြီး ကျနော်တို့ မြို့နယ်ပအဖ ဆီ ခိုလှုံခွင့် တောင်းခံလာတာဗျ။ ကျနော်တို့ အ‌နေနဲ့ ပျူရွာက‌နေ ထွက်ပြေးလာတဲ့ ပျူ ၅ ယောက်ကို စစ်ဆေးမေးမြန်းပြီးနောက်  အေးချမ်းစွ ာနေထိုင်ဖို့၊ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီး၊ သူလျှိုဒလန်တွေနဲ့ လုံးဝ ပတ်သက် ဆက်သွယ်ခြင်းမပြုဖို့၊ နွေဦးတော်လှန်ရေးနဲ့ ပြည်သူလူထုကို ထိခိုက်စေတဲ့ အပြောအဆို၊ အပြုအမူများနဲ့ သူလျှိုဒလန်ကဲ့သို့သော လုပ်ရပ်များ မပြုလုပ်ဖို့နဲ့ ပြုလုပ်မိပါက ပြင်းထန်တဲ့ အပြစ်ပေး အရေးယူခြင်းကို ခံရမယ်ဆိုတဲ့ ခံဝန်ကတိ လက်မှတ်ရေထိုးပြီး ကောင်းမွန်စွာ လက်ခံခဲ့တယ်ဗျ။ နောက်ပြီးတော့ ကျနော်တို့ မြို့နယ်အဖွဲ့ကနေ ခိုလှုံခွင့်တောင်းလာသူ ၅ ယောက်ကို မိုးကာ ၃ ချပ်ရယ်၊ ငွေတသိန်းကျပ်နဲ့ နေထိုင်စား‌သောက်ရေး ကူညီထောက်ပံ့တာတွေပါ ပေးခဲ့တယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်ထဲက စစ်ကောင်စီတပ်ကို ထောက်ခံသူတွေနဲ့ စစ်သားရဲဘော်တွေ အလင်းဝင်ရောက်လာရင် နွေးနွေးထွေးထွေး ကြိုဆိုလက်ခံပြီး ဆုကြေးတွေလည်း ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ-CDF-KKG ပေးပို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013