DVB Logo
Home
အားကစား
တိုက်စစ်မှူး ဆွာရက်ဇ်နှင့် မက်ဆီ မိုင်ယာမီအသင်းတွင် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း
DVB
·
January 14, 2024
တိုက်စစ်မှူး ဆွာရက်ဇ်နှင့် မက်ဆီ မိုင်ယာမီအသင်းတွင် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း
Donate to DVB

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်နဲ့ မက်ဆီတို့ဟာ အင်တာမိုင်ယာမီအသင်းမှာ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း အတူဆင်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ အတူတွဲဖက်ကစားခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အသင်းဖော်ဟောင်းနှစ်ဦးကို မြင်တွေ့ခဲ့ရတာပါ။ 

ဒါ့အပြင် ကွင်းလယ်လူ ဘူးစကွက်စ်၊ နောက်ခံလူ ယော်ဒီအယ်လ်ဘာတို့ကိုလည်း မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ အတူ လေ့ကျင့် ရေးကွင်းမှာ အတူမြင်တွေ့ခဲ့ရတာပါ။

အင်တာမိုင်ယာမီအသင်းဟာ အမေရိကန်မေဂျာလိဂ်ရာသီသစ်အတွက် ခြေစမ်းပွဲ ၇ ပွဲကစားဖို့ စီစဉ်ထားပြီး လေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့တာပါ။

လာမယ့် ဇန်နဝါရီ ၁၉ ရက်မှာ အယ်ဆာဗေဒိုလက်ရွေးစင်အသင်းနဲ့ ပထမဆုံး ခြေစမ်းပွဲကစားဖို့ရှိပါတယ်။

အဲဒီနောက် အာရှတိုက်ဆီလာရောက်မှာဖြစ်ပြီး ဆော်ဒီကလပ် နှစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်နာဆာတို့နဲ့ ခြေစမ်းမှာပါ။

ဖေဖော်ဝါရီ ၁ ရက်မှာ အယ်လ်နာဆာနဲ့ ခြေစမ်းမှာဖြစ်ပြီး မက်ဆီ၊ ဆွာရက်ဇ်တို့က စီရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ်ပြန်လည် ရင်ဆိုင်ကြမှာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013