DVB Logo
Home
မြန်မာသတင်း
တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ တပ်မှ စစ်သည်အချို့ ထွက်ပြေး
DVB
·
January 14, 2024
တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ တပ်မှ စစ်သည်အချို့ ထွက်ပြေး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ ၁၀၂ မှ စစ်သည်တချို့ ထွက်​ပြေးသွားလို့  လုံခြုံရေးတင်းကျပ်ထားရတယ်လို့  အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အမှတ် ၁၀၂ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီး၊ ဒုတပ်ကြပ်နဲ့ တပ်သားနှစ်ယောက် စုစုပေါင်း ၄ ယောက်ဟာ ဇန်နဝါရီ ၁၀ ရက်က တပ်တွင်းကနေ ထွက်ပြေးလွတ်မြောက်သွားတာလို့ ရတခနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခမရ ၁၀၂ မှာ ပြီးခဲ့တဲ့လက ဗိုလ်ကြီးတယောက်နဲ့ အခြားအဆင့်နှစ်ယောက် ရန်သူနဲ့ ပူးပေါင်းသွားတယ်။ တပ်က စွန့်ခွာသွားတယ်။ အခုလည်း တပ်ကြပ်ကြီး အပါအဝင် လေးယောက် ထပ်ပြီးထွက်ပြေးတယ်။ ဖုံးဖိထားသေးတာ။ နောက်ဆုံးတပ်ပြေးအဖြစ် စာထုတ်ထားရတယ်။”

အမှတ် ၁၀၂ ခြေမြန်တပ်ရင်းဟာ တပ်မ ၄၄ ခြေမြန်တပ်မဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိကာ အရှေတောင်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲနေတာလို့ ခမရ ၁၀၂ နဲ့ နီးစပ်က ပြောပါတယ်။

“ဒီဇင်ဘာလလယ်လောက်မှာ တပ်ခွဲမှူး ဗိုလ်ကြီးဗိုဗိုဟိန်းနဲ့ တပ်သားနှစ်ယောက် ကျားသစ်နက် စစ်ကြောင်းမှာ လက်နက်ချ အလင်းဝင်သွားတယ်။ ရှေ့တန်းထွက်သလိုထင်အောင် အကြီးအကဲတွေက ရေငုံနှုတ်ပိတ်ထားတာ အခုထပ်ပြီးထွက်ပြေးတော့ ခမရ ၁၀၂ ရော တပ်မ ၄၄ ရော စောင့်ကြည့်စာရင်းထဲ ပါသွားတယ်” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ထွက်ပြေးနေတဲ့ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းတွေက အရာရှိ စစ်သည် ရာနဲ့ချီရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013