DVB Logo
Home
နိုင်ငံတကာ
မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ထပ်မံအတည်ပြု
DVB
·
January 13, 2024
မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ထပ်မံအတည်ပြု
Donate to DVB

အမေရိကန်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇန်နဝါရီ ၁၂ ရက်က အမေရိကန်နိုင်ငံက နိုင်ငံခြားရေးဌာန အစည်းအဝေး တခုမှာ တွေ့ဆုံခဲ့ပြီး မျှဝေတန်ဖိုးတွေပေါ်မှာ တည်ဆောက်ထား တဲ့ မိတ်ဖက်ဆက်ဆံရေးကို ထပ်အတည်ပြုခဲ့ပါတယ်။ 

အမေရိကန်နဲ့ ဂျပန်တို့ မဟာမိတ်ဖွဲ့တာဟာ "အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ သာယာဝပြောရေးရဲ့ အခြေခံအုတ်မြစ်ပဲလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုခို ခါ့မိခါ့ဝါ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ပြောပါတယ်။

ခါ့မိခါ့ဝါ့ရဲ့ အမေရိကန်ခရီးစဉ်ဟာ ဇန်နဝါရီ ၇ ရက်က မကြေညာဘဲ ယူကရိန်းနိုင်ငံဆီ လာရောက် လည်ပတ် ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာတာပါ။

သူဟာ ယူကရိန်း ခရီးစဉ်မှာလည်း ရုရှားမောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ရေး ယူကရိန်းနိုင်ငံကို ဒေါ်လာ သန်းပေါင်းများစွာ ကူညီပေးဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ဆီ ကတိပြုခဲ့ပြီး မီးစက်နဲ့ ထရန်စဖော်မာတွေ လှူဒါန်းခဲ့တယ်လို့ လည်း ကြေညာခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ လက်နက်တင်ပို့မှု ကန့်သတ်ချက်တွေကို ကိုးနှစ်အတွင်း ပြန်လည်ပြင်ဆင်ပြီးတဲ့ နောက် လက်နက်တင်ပို့မှု လမ်းညွှန်ချက်တွေကို ပြန်သုံးသပ်ခဲ့တာပါ။

အဲဒီနောက် အမေရိကန်နိုင်ငံဆီ ပက်ထရီရော့ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်တွေ တင်ပို့ဖို့ ပြင်ဆင်ထားတယ်လို့ ဂျပန်က ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့နိုင်ငံတွေဆီ လက်နက်တွေ မတင်ပို့နိုင်သေးပေမဲ့ ဒီလှုပ်ရှားမှုက အမေရိကန်အစိုးရရဲ့ မဟာမိတ်ကို စစ်ရေးအကူအညီပေးဖို့ စွမ်းရည် မြှင့်တင်ခြင်းအားဖြင့် ယူကရိန်းကို သွယ်ဝိုက် အကျိုးဖြစ်စေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013