DVB Logo
Home
မြန်မာသတင်း
စစ်တပ်အရာရှိအပါအဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အေအေထံအလင်းဝင်
DVB
·
January 13, 2024
စစ်တပ်အရာရှိအပါအဝင် ၁၇ ဦး လက်နက်ခဲယမ်းများနှင့် အေအေထံအလင်းဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ အရာရှိတယောက်အပါဝင် ၁၇ ယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ရက္ခိုင့်တပ်တော် အေအေဆီမှာ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၁၇ ယောက် အလင်းဝင်လာတာဖြစ်ပြီး သူတို့ကို ရက္ခိုင့်တပ်တော် အေအေက ဘေးကင်း လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလင်းမြွေတောင်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ချေပြင်ရွာနဲ့ လိပ်မရွာနားမှာ ရက္ခိုင့်တပ်တော် အေအေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄၀ လောက်သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

မြောက်ဦးမြို့ သင်းကျစ်တော်တောင် တပ်စခန်းက စစ်ကောင်စီတပ်သားတွေလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ အလံဖြူထောင်ပြီး တပ်သား ၁၀၀ ကျော်လောက် ရက္ခိုင့်တပ်တော် အေအေဆီမှာ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းမှာ ရက္ခိုင့်တပ်တော်အေအေက ထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ဒေသက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုရင် မိမိတို့ရဲ့ နီးစပ်ရာ အေအေ စခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံဖို့ ရက္ခိုင့်တပ်တော် အေအေက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထပ်မံသတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013