DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ အရပ်သားများကို အစုလိုက်လွှဲပြောင်းပေးမည့်အစီအစဉ် စိုးရိမ်ထိတ်လန့်ဟု ကုလ ပြော
DVB
·
January 13, 2024
ဂါဇာရှိ အရပ်သားများကို အစုလိုက်လွှဲပြောင်းပေးမည့်အစီအစဉ် စိုးရိမ်ထိတ်လန့်ဟု ကုလ ပြော
Donate to DVB

ပါလက်စတိုင်းအရပ်သားတွေကို ဂါဇာကမ်းမြောင်ကနေ တတိယနိုင်ငံကို အတင်းအဓမ္မ အစုလိုက် အပြုံလိုက် လွှဲပြောင်းပေးရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အစ္စရေး၀န်ကြီးတွေရဲ့ လတ်တလော ထုတ်ပြန်ချက်တွေကို အလွန်စိုးရိမ် ထိတ်လန့်မိကြောင်း ကုလသမဂ္ဂအကူအညီပေးရေး အကြီးအကဲက ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားလိုက်ပြီး အပစ်အခတ်ရပ်စဲရေးကို နောက်တခါ ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။ 

တောင်ပိုင်းကို ပစ်ခတ်တိုက်ခိုက်မှုတွေ ပျံ့နှံ့လာတာကြောင့် ဒီလိုအခြေအနေမျိုးမှာ အိမ်နီးချင်း နိုင်ငံတွေဆီ လူတွေ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းဖို့ ဖိအားတွေ သိသိသာသာ တိုးလာ နိုင်ပါတယ်။ 

သူတို့ရဲ့ အကာအကွယ်အတွက် ဂါဇာကမ်းမြောင်ကနေ ထွက်ခွာလိုတဲ့ အရပ်သားတွေကို တချို့ နိုင်ငံတွေက လက်ခံပေးဖို့ ကမ်းလှမ်းထားကြောင်းနဲ့ နိုင်ငံတကာဥပဒေအရ ဂါဇာကမ်းမြောင်ကနေ နေရပ်စွန့်ခွာသူတွေကိုလည်း သူတို့ နေရပ်ပြန်ခွင့်ပြုရမယ်လို့လည်း အလေးပေးပြောကြား လိုကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အတွင်းဝန်လည်း ဖြစ်တဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မာတင် ဂရစ်ဖှစ်သ်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ လူဦးရေစာရင်းကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား ပယ်ချရမယ်လို့လည်း ဆိုပါတယ်။ 

ဒီစစ်ပွဲကို အဆုံးသတ်သွားအောင် အပစ်အခတ် ရပ်စဲရေးကို အရေးတယူ ဆောင်ရွက်ပေးဖို့လည်း ဒီကောင်စီကို ထပ်လောင်း တောင်းဆိုပါကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းန်ဖီးလ်ဒ်ကလည်း ဂါဇာကမ်းမြောင်ဒေသမှ အရပ်သားတွေကို ဘယ်လိုအခြေအနေမျိုးမှာမဆို ထွက်ခွာဖို့ ဖိအား မပေးသင့်ကြောင်း အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

ဂါဇာကမ်းမြောင်အပြင်ဘက်မှာ ပါလက်စတိုင်းတွေကို ပြန်လည်နေရာချထားပေးဖို့ တောင်းဆိုတဲ့ အစ္စရေးဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ထုတ်ပြန်ချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်းလည်း ပြောသွားပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013