DVB Logo
Home
နိုင်ငံတကာ
ဟူသီသူပုန်များကို တိုက်ခိုက်မှု နိုင်ငံတကာဥပဒေအရ တရားဝင်ဟု အမေရိကန်ဆို
DVB
·
January 13, 2024
ဟူသီသူပုန်များကို တိုက်ခိုက်မှု နိုင်ငံတကာဥပဒေအရ တရားဝင်ဟု အမေရိကန်ဆို
Donate to DVB

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ရှိ သင်္ဘောတွေကို ယီမင်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေကို သူတို့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေအရ တရားဝင်တယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဒီ နေ့ချင်း ညချင်း တိုက်ခိုက်မှုတွေဟာ ရေယာဉ်တွေနဲ့ ကုန်တင်သင်္ဘောတွေကို မဆင်မခြင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေတဲ့ ဟူသီသူပုန်တွေရဲ့ အပြုအမူတွေကို အားလျော့ နောက်ဆုတ် သွားစေအောင်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်- ဂရင်းဖှီးလ်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။ 

ဒီတိုက်ခိုက်မှုတွေဟာ မဖြစ်မနေ လိုအပ်ပြီး အင်အားအချိုးကျ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၅၁ မှာ ဖော်ပြထားတဲ့အတိုင်း နိုင်ငံတကာဥပဒေတွေနဲ့လည်း ကိုက်ညီပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပင်ကို ရှိထားပြီးသား မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးခြင်းဖြစ်တယ်လို့လည်း သံအမတ်ကြီး သောမတ်စ်-ဂရင်းဖှီးလ်စ်က ပြောပါတယ်။

ဟူသီတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလကတည်းက သင်္ဘော ၂၀၀၀ ကျော်ကို ပင်လယ်နီမှ လမ်းကြောင်း ပြောင်းဖို့ တွန်းအားပေးခဲ့ရကြောင်းလည်း ပြောပါတယ်။  

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယီမင်ရှိ ဟူသီတပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့လို့ ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားခဲ့ပြီး ဒေါသထွက်စရာလို့ ခေါ်တဲ့ အပြုအမူတွေ ဆက်လုပ်နေရင် ဟူသီသူပုန် တွေကို ဝါရှင်တန်က တုံ့ပြန်သွားမယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

အမေရိကန်ဟာ ယီမင်နဲ့ စစ်ပွဲကို မလိုလားပေမယ့် နောက်ထပ် အရေးယူလုပ်ဆောင်ဖို့ တွန့်ဆုတ် နေမှာ မဟုတ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့အစောပိုင်းမှာ ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013