DVB Logo
Home
မြန်မာသတင်း
TNLA က အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းလျှော့ပေါ့ပေး၊ စစ်သုံ့ပန်းမပါ
DVB
·
January 13, 2024
TNLA က အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းလျှော့ပေါ့ပေး၊ စစ်သုံ့ပန်းမပါ
Donate to DVB

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား ၂၉၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး စစ်သုံ့ပန်းတွေတော့ မပါဘူးလို့ တအာင်းတပ်မတော် PSLF/TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်ပြည့် အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်ကျနေကြတဲ့  ထောင်ဒဏ် ၁ လကနေ ၅ နှစ်အထိ အကျဉ်းသူ အကျဉ်းသား ၂၃၂ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

ထောင်ဒဏ် ၇ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ အကျဉ်းသား အယောက် ၆၀ ကိုတော့ ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

အရင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တဲ့အထဲမှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေပါဝင်ခဲ့ပြီး အခုတကြိမ်မှာတော့ မပါဘူးလို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်စွဲကိုင် တော်လှန်လာခဲ့တာဟာ အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ၆၁ နှစ် ပြည့်ပြီဖြစ်ပြီး မဟာမိတ်တွေဖြစ်တဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ကိုးကန့်တပ်မတော်၊ ရက္ခိုင့်တပ်တော်နဲ့ ပအိုဝ်းအမျိုသား ဖက်ဒရယ်ကောင်စီတို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

TNLA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကလည်း တအာင်းဒေသထဲက TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်တော့မှာဖြစ်ပြီး ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ တအာင်းလူငယ်တွေလည်း နေရပ်ကိုပြန်လာပြီး ဒေသဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပေးကြဖို့ ဒီနေ့ မိန့်ခွန်းမှာ မေတ္တာရပ်ခံထားပါတယ်။

မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်အပေါ်အခြေခံပြီး တရားမျှတမှုရှိတဲ့ ဥပဒေတွေရေးဆွဲ ပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ ပူးပေါင်းဖော်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013