DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
DVB
·
January 12, 2024
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၃၇/၂ ဖာလုံ နဲ့ ၃ ဖာလုံကြားမှာ ဇန်နဝါရီ ၁၁ ရက် ညနေ ၅ နာရီလောက်က ကား ၂ စီးတိုက်မိပြီး လူ ၂ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရန်ကုန်ကနေ မန္တလေးကို မောင်းလာတဲ့ လူ ၆ ဦးပါ TOYOTA MARK II ယာဉ်ဟာ အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ကျော်ကာ တဖက်လမ်းကြောကို ရောက်ရှိသွားရာက ‌မန္တလေးမှ ရန်ကုန်ကို ‌မောင်းနှင်လာတဲ့ လူ ၃ ဦးပါ TOYOTA ALLION ယာဉ်နဲ့ တိုက်မိကြတာပါ။

စကားအင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက “ရန်ကုန်ကနေ မန္တလေးကို မောင်းလာတဲ့ မတ်တူးခဲရောင်ကားက အရှိန်မထိန်းနိုင်ဘဲနဲ့ လမ်းလယ်ကျွန်းကို ကျော်သွားပြီးတော့ ဖြစ်တာ။ အရှေ့က ထိုင်လာတဲ့ ယာဉ်မောင်းနဲ့ အမျိုးသမီးကတော့ နေရာမှာပဲ ပွဲချင်းပြီး ဖြစ်သွားတယ်။ ဖြစ်တာက တံတားဦးမြို့နယ်အပိုင်ထဲမှာပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် တိုယိုတာမတ်တူးကား ခေါင်းခန်းရှိ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့မှာ ဦးခေါင်းထိခိုက်ပြင်းထန် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး ကားနောက်ခန်းရှိ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့မှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာ၊ အာလီယန်ကားပေါ်က အမျိုးသား ၁ ဦးမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယာဉ်တိုက်မှု‌နေရာကို စကားအင်းအမြန်လမ်းမီးသတ်က ကယ်ဆယ်ရေးလုပ်‌ဆောင်ခဲ့ကြပြီး ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးရုပ်အလောင်းတွေကို အမြန်လမ်း 192 သူနာတင်ယာဉ်တွေနဲ့ တံတားဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်က အမြန်လမ်းမှာ ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013