DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် ဘေးတွဲဆိုင်ကယ်များကို စစ်တပ်က ဖမ်းဆီးငွေညှစ်
DVB
·
January 12, 2024
လှိုင်သာယာတွင် ဘေးတွဲဆိုင်ကယ်များကို စစ်တပ်က ဖမ်းဆီးငွေညှစ်
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဘေးတွဲဆိုင်ကယ်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးပြီး ငွေတောင်းခံနေတယ်လို့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေဆီက သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဘေးတွဲဆိုင်ကယ်တွေကို စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး လိုက်လံဖမ်းဆီးကာ အနည်းဆုံး ကျပ် ၅ သောင်းမှ ၁ သိန်းကျော်အထိ တောင်းခံနေတယ်လို့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေက ပြောပါတယ်။

လှိုင်သာယာအရှေ့ပိုင်းမှာ ဘေးတွဲဆိုင်ကယ်‌ မောင်းနှင်သူတဦးက “ကျနော်တို့မှာ စားဝတ်နေရေး အဆင်ပြေကြတာမဟုတ်ဘူး။ ဆိုင်ကယ်ဘေးတွဲလေးဆွဲပြီး ဝင်ငွေရှာနေရတာ။ ကျနော် ဘေးတွဲမောင်း‌နေတုန်း စစ်သား‌တွေ ကား‌နဲ့ရောက်ချလာပြီး ငွေညှစ်တာ ၁ သိန်းကျော်တောင် ပေးလိုက်ရတယ်။ ကျနော့်အသိတယောက်ဆိုလည်း ပျူစောထီးတွေက ဖမ်းပြီး ငွေတောင်းလို့ ၅ သောင်း ပေးလိုက်ရတယ်။ တခြား အဖမ်းခံရတဲ့သူတွေလည်း အများကြီးရှိတယ်” လို့ ပြောပါတယ်။

လှိုင်သာယာမြို့မှာ နေထိုင်သူ အများစုဟာ စက်ရုံ‌တွေမှာ အလုပ်လုပ်ကိုင်နေ‌တဲ့သူတွေနဲ့ ဘေးတွဲဆိုင်ကယ်မှောင်း‌နှင်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြရတာ ဖြစ်ပါတယ်။

လှိုင်သာယာမှာ ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးလာတာကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနေတဲ့သူတွေမှာ စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ ဘေးတွဲဆိုင်ကယ် မောင်းသူတွေက ပြောပါတယ်။

“အဲ့လိုတွေ လိုက်ဖမ်းနေတော့ ကျနော်တို့က ဘာလုပ်စားရတော့မှာလဲ။ ရဲတွေလည်း ကြောက်ရ၊ စစ်သားတွေ့လည်း ကြောက်ရနဲ့ ခုတော့ ပျူစောထီးတွေပါ ကြောက်နေရတယ်။ ကျနော်တို့မှာ ကျီးလန့်စာစားသလို လုပ်စားနေရတယ်။ သူတို့ ရပ်ကွက်တွေထဲမှာတောင် လိုက်ဖမ်းနေတော့ ဘေးတွဲ‌ဆိုင်ကယ် မောင်းနေတဲ့သူတွေ အဆင်မပြေတော့ဘူးပေါ့။ အရင်တုန်းကဆိုတာတောင် မော်တော်ပီကယ်ပဲ ကြောက်ရတယ်” လို့ ဘေးတွဲဆိုင်ကယ် မောင်းသူတဦးက ပြောပါတယ်။

လှိုင်သာယာမှာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့က ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲ မောင်းနှင်ခွင့်မပြုလို့ အမိန့်ထုတ်ထားခဲ့ပေမဲ့ ယာဉ်ထိန်းရဲတွေက လမ်းမကြီးတွေမှာသာ ဖမ်းဆီးတာရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်သား‌၊ ရဲနဲ့ ပျူ‌စောထီးတွေက ရပ်ကွက်‌ထဲတွေအထိ လိုက်လံဖမ်းဆီးကာ ငွေတောင်းခံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013