DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း၌ စိုက်ဘဏ်ချေးငွေကြွေးကျန်  ပြန်မဆပ်ပါက အရေးယူမည်
DVB
·
January 12, 2024
မော်လမြိုင်ကျွန်း၌ စိုက်ဘဏ်ချေးငွေကြွေးကျန်  ပြန်မဆပ်ပါက အရေးယူမည်
Donate to DVB

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ စိုက်ဘဏ်ကချေးထားတဲ့ စိုက်စရိတ်ချေးငွေ ကြွေးကျန်တွေ ပြန်မဆပ်ပါက အရေးယူမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အသိပေးလာတယ်လို့ တောင်သူတွေက ပြောပါတယ်။

အရင်အရပ်သားအစိုးရ လက်ထက်က ကျန်နေတဲ့ စိုက်ချေးငွေ ကြွေးကျန်တွေကို မပေးပါက တရားစွဲမယ်လို့ ပြောဆိုကာ တောင်းယူနေတာကြောင့် ငွေကြေးတတ်နိုင်သူတွေထံက ကျပ် ၁ သိန်းကို တလ အတိုး ၃၀,၀၀၀ နှုန်းနဲ့ ချေးယူဆပ်နေရတယ်လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

တောင်သူတွေ ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်တွေကို ဒီနှစ် စိုက်ပျိုးရာသီ မကုန်မီ နောက်ဆုံးထား ပြန်လည်းပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲ ဥပဒေအရလည်းကောင်း၊ မြေခွန် ကျန်ငွေသကဲ့သို့လည်းကောင်း အရေးယူမယ်လို့ ဆိုပြီး ချေးငွေ ကျန်တောင်သူလယ်သမားတွေကို နို့တစ်စာပို့ တောင်းယူနေတယ်လို့ ဆိုပါတယ်။

တောင်သူတဦးက  "ကြွေးကျန်က NLD အစိုးရလက်ထက်က ကြွေးကျန်တွေပါ။ စိုက်ပျို;စရိတ်ချေးငွေ ကြွေးကျန်ကို ဆပ်ကြတဲ့သူတွေလည်း ရှိတယ်။ ဖမ်းမယ် ဆီးမယ်ဆိုပေမဲ့ မဆပ်နိုင်သူတွေလည်း မနည်းရှိနေတယ်။ စပါးအထွက်နှုန်းကျ၊ ဓာတ်မြေသြဇာဈေးတွေတက်၊ စက်သုံးဆီဈေးတွေ တက်တော့ စပါးတွေကို စိုက်ဧက ပြည့်အောင် မစိုက်နိုင်ခဲ့တာကြောင့် စပါးအထွက်နည်းတော့ စိုက်ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ ခက်ခဲသွားတယ်။ ပြန်မဆပ်ရင် တရားစွဲ မယ်လို့ လုပ်လာတော့ ကြောက်လို့ အပြင်ကနေ အတိုးကြီးကြီးနဲ့ယူပြီး ပြန်ဆပ်နေရတယ်''လို့ ပြောပါတယ်။

တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ချေး ငွေပြန်ဆပ်ဖို့ ကျပ် ၁ သိန်းကို ၁ လအတိုး ၃ သောင်း အထိ ပေးပြီး ချေးယူနေရတဲ့အတွက် ချေးငွေသိန်း ၂၀ မှ သိန်း ၃၀ အထိ ပြန်လည်ချေးယူနေရတဲ့ တောင်သူတွေဟာ ငွေသိန်း ၂၀ အတွက် ၁ လအတိုး ၆ သိန်း၊ သိန်း ၃၀ အတွက် ၁ လအတိုး ၉ သိန်းအထိ အတိုးနှုန်းအတွက် ကျခံနေရတယ်လို့ လယ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

''တောင်သူတွေ အခက်အခဲအမျိုးစုံ ကြုံနေရတာပါ။ စစ်ကောင်စီက တမျိုးမျိုးတော့ ဆောင်ရွက် ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလို အခက်အခက်တွေ ဘက်ပေါင်းစုံ ကြုံနေရတာကို အတင်းစိုက် ဘဏ်ချေးငွေတွေကို ပြန်တောင်းတာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်လို့ ယူဆတယ်။”

ဒါ့အပြင် စပါးမထွက်တာ၊ မိုးမိတာ၊ စက်သုံးဆီနဲ့ မြေဩဇာဈေးတက်လို့ တောင်သူတွေအနေနဲ့ ဧကပြည့် မစိုက်နိုင်တဲ့အပြင် ရလာတဲ့ စပါးဟာလည်း ရွှေခရုကျတာတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ဒေသခံတောင်သူတွေ အခက်အခဲကြုံနေရတဲ့အခြေအနေတွေကို စိစစ်ပြီး စိုက်စရိတ်ချေးငွေ အကြွေးကျန်တွေကို အရစ်ကျစနစ်၊ ဆိုင်းငံ့ပေးတဲ့ စနစ်စသဖြင့် သတ်မှတ် ပြင်ဆင်ဆောင်ရွက်ပေးဖို့ သေခံတောင်သူတွေက လိုလားနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဧရာဝတီတိုင်းဟာ စပါးစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံလုပ်ကိုင်တဲ့ တိုင်းဒေသကြီး တခုဖြစ်ပြီး မိုးစပါး ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါး ၁ ဒသမ ၄ သန်းကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013