DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက နိုင်ငံ၏နယ်မြေ ၄၃ ရာခိုင်နှုန်းနီးပါးကို မထိန်းချုပ်နိုင်ဟု ISP Myanmar ထုတ်ပြန်
DVB
·
January 11, 2024
စစ်ကောင်စီက နိုင်ငံ၏နယ်မြေ ၄၃ ရာခိုင်နှုန်းနီးပါးကို မထိန်းချုပ်နိုင်ဟု ISP Myanmar ထုတ်ပြန်
Donate to DVB

အာဏာသိမ်းမှု ၃ နှစ်နီးပါးဖြစ်လာချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့်တာနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေ တိုးလာပြီး နိုင်ငံရဲ့ ၄၃ ရာခိုင်နှုန်းနီးပါးကို စစ်ကောင်စီက ထိထိမိမိ မထိန်းချုပ်နိုင်တော့ဘူးလို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အခြေအနေတွေကို လေ့လာစောင့်ကြည့်ကာ တိုင်းပြည်ရဲ့ အညွှန်းကိန်း ၃ မျိုးကို တွက်ချက်ပြီး အခုလိုကောက်ချက်ချတာလို့ ISP Myanmar ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ ISP မြန်မာမှာ conflict နဲ့ ပတ်သက်တဲ့ ဒေတာဘေ့ရှိပါတယ်။ အဲဒီဒေတာဘေ့ထဲက သုံးနှစ်တာ အချက်အလက်တွေကို ပြန်စုလိုက်တဲ့အခါ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ၂၂၁ မြို့နယ်က ကျနော်တို့ ဒေတာဘေ့ထဲမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကို တွေ့ရတယ်။ အဲဒီ ၂၂၁ မြို့နယ်ကို indicator ၃ ခုနဲ့ ထပ်ပြီး တော့ လေ့လာပါတယ်။ ပထမတခုကတော့ security index ပေါ့၊ နောက်တခုကတော့ humanitarian နဲ့ ပတ်သက်တဲ့ index၊ နောက်တခုကတော့ public services နဲ့ ပတ်သက်တဲ့ index ပေါ့။ အဲဟာတွေကို အကြမ်းဖျင်း average တွက်လိုက်တယ်ဆိုရင် တိုင်းပြည်ရဲ့ အနည်းဆုံး ၄၃ ရာခိုင်နှုန်းလောက်က ထိထိမိမိ မထိန်းချုပ်နိုင်ဘူး ဆိုပြီး ကျနော်တို့ ကောက်ချက်ချတာပါ။ နောက် ၁၀၂၇ မဖြစ်ခင်နဲ့ ဖြစ်ပြီးကို နှိုင်းယှဉ်ရင်ပဲ တော်တော်သိသာပါတယ်။ အထူးသဖြင့် ဖြစ်ပြီးတဲ့အချိန်‌ နောက်ပိုင်းမှာဆိုရင် စစ်ကောင်စီရဲ့ space of influence သူတို့ လွှမ်းမိုးနိုင်တဲ့ပမာဏက သိသိသာသာကျုံ့သွားတာကို ကျနော်တို့ တွေ့ရတယ်။”

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အထဲ ၂၂၁ ခုနဲ့အထက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုင်းပြည်ရဲ့ ၆၇ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားခဲ့မှုက ၃ နှစ်အတွင်းမှာ ၁၂၅၉၇ ကြိမ်ရှိခဲ့ပြီး လစဉ် မြို့နယ် ၅၀ နဲ့အထက်မှာ တိုက်ပွဲတွေရှိနေတာပါ။

 ၂၀၂၃ နှစ်ကုန်ပိုင်းအထိ ၁၄၁ မြို့နယ်က လုံခြုံရေးဆိုင်ရာ ပြင်းထန်သက်ရောက်မှုအညွှန်းကိန်းမြင့် မားမှုနဲ့ ရင်ဆိုင်နေရပြီး သက်ရောက်မှု အညွှန်းကိန်းအမြင့်ဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယအမြင့်ဆုံး ဖြစ်တယ်လို့ ISP Myanmar ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “စစ်ကိုင်းလို၊ မကွေးလို ဒေသတွေမှာကတော့ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုရဲ့ မြေပြင်ထိန်းချုပ်စိုးမိုးနိုင်မှုကတော့ လုံးဝလျော့ကျနေပြီ ဆိုတာကတော့ အင်မတန်သိသာထင်ရှားပါတယ်။ အဓိက က အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားပေါ့။ ရွာအုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေး အဆင့်ဆင့်က လုံးဝမရှိတော့ဘူး။ ရဲစခန်း၊ တပ်စခန်း အပြင်တောင် မထွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ ဆိုတာ စစ်ကိုင်း၊ မကွေးလို နေရာတွေမှာ သိသိသာသာ တွေ့နေရပါတယ်ခင်ဗျ။ ပြောရရင် စစ်ကိုင်း၊ မကွေးလို အလယ်ပိုင်းဒေသတွေမှာ စစ်အုပ်စုရဲ့ လွှမ်းမိုးနိုင်မှုက တော်တော်ကြီးကို နည်းပါးသွားပြီလို့ ပြောရမယ်ဗျ"လို့ ပြောပါတယ်။

မြိုနယ် ၄၅ ခုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး စစ်ကိုင်းထဲက မြို့နယ် ၁၉ ခုနဲ့ ကရင်နီဒေသတခုလုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်နေတာပါ။

စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်နိုင်မှု လျော့ကျလာတာနဲ့အမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလည်း မလုပ်ဆောင်တာကို ISP မြန်မာက ထောက်ပြပါတယ်။ 

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၄ ခုနဲ့ ရှမ်းပြည်ထဲက ၁၁ မြို့နယ်မှာလည်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်တန့်နေကြောင်း၊ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းဒေသတခုလုံးမှာ စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးရပ်တန့်နေပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂ လအကြာမှာတော့ ၂၄ မြို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းယူနိုင်ခဲ့တယ်လို့ ISP Myanmar ရဲ့ ၂၀၂၃ ဒီဇင်ဘာလထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013