DVB Logo
Home
အားကစား
တိုက်စစ်မှူး မာစီယယ် မန်ယူအသင်းတွင် စာချုပ်သက်တမ်းကုန်သည်အထိ ကစားမည်
DVB
·
January 11, 2024
တိုက်စစ်မှူး မာစီယယ် မန်ယူအသင်းတွင် စာချုပ်သက်တမ်းကုန်သည်အထိ ကစားမည်
Donate to DVB

မန်ယူတိုက်စစ်မှူး အန်ုတိုနီမာစီယယ်ဟာ အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိကစားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာ မာစီယယ်ကို ဆက်သွယ် ကမ်းလှမ်းတဲ့အသင်းတွေ ရှိပေမဲ့ ကစားသမားဖြစ်သူက ပြောင်းရွှေ့ဖို့ဆန္ဒမရှိဘဲ ရာသီကုန်အထိ ဆက်နေသွားလိုတယ်လို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။

မာစီယယ်ကို ပြင်သစ်ကလပ် မာဆေး အပါအဝင် တူရကီကလပ် ဖီနာဘာချီနဲ့ ဆော်ဒီကလပ်တွေက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ မာစီယယ်ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိပေမဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ဘူးလို့ သတင်းထွက်နေပါတယ်။

မာစီယယ်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုကနေ မန်ယူအသင်းဆီကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

အသင်းနဲ့ ၉ နှစ်ကြာကာလအတွင်းမှာ စုစုပေါင်း ပွဲ ၃၀၀ ကျော်ကစားခဲ့ပြီး သွင်းဂိုး ၉၀ သွင်းထားပါတယ်။ 

Photo - REUTERS/Phil Noble

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013