DVB Logo
Home
နိုင်ငံတကာ
အသက်အငယ်ဆုံး ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာသည့် ဂယ်ဘရီယယ် အက်တာလ်
DVB
·
January 10, 2024
အသက်အငယ်ဆုံး ပြင်သစ်ဝန်ကြီးချုပ် ဖြစ်လာသည့် ဂယ်ဘရီယယ် အက်တာလ်
Donate to DVB

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းဟာ ဇန်နဝါရီ ၉ ရက်က အသက် ၃၄ နှစ်အရွယ် ပညာရေးဝန်ကြီး ဂယ်ဘရီယယ် အက်တာလ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အက်တာလ်ဟာ ပြင်သစ်နိုင်ငံ ရာဇဝင်မှာ အသက်အငယ်ဆုံးနဲ့ လိင်တူချစ်သူလို့ ပွင့်ပွင့်လင်းလင်း ဖော်ပြထားတဲ့ ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာတာပါ။

ပြင်သစ်မီဒီယာတွေကတော့ ဥရောပပါလီမန် ရွေးကောက်ပွဲတွေ မတိုင်ခင် သူ့ရဲ့ ဒုတိယသက်တမ်းမှာ အသက်ရှူချောင်စေမယ့် အပြောင်းအလဲသစ်တခုကို ဖန်တီးလိုက်တာလို့ ဝေဖန်ကြပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ ကြီးကြီးမားမား နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပေမဲ့ မနှစ်က လူကြိုက်မများတဲ့ ပင်စင်နဲ့ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ကျော်လွှားဖို့နဲ့ ဇွန်လ အီးယူမဲစာရင်းမှာ သူ့ရဲ့ဗဟိုပါတီရဲ့ အခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မက်ခွန်းရဲ့ လိုအင်ဆန္ဒကို အချက်ပြနေပါတယ်။

အက်တာလ်ဟာ ကိုဗစ်ကူးစက်ရောဂါကာလအတွင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြင်သစ်နိုင်ငံရေးလောကထဲ ရောက်လာပြီးတော့ ဆက်သွယ်ပြောဆိုရ ချောမွေ့သူဆိုပြီး နာမည်ရလာခဲ့ပါတယ်။

မက်ခွန်းရဲ့ ရင်းနှီးတဲ့ မဟာမိတ်တဦးဖြစ်လာတဲ့ အက်တာလ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် အဲလစ်ဇဘက်သ် ဘွန်း နေရာမှာ အစားထိုး တာဝန်ယူမှာ ဖြစ်ကြောင်း RTL ရေဒီယိုနဲ့ BFM တီဗီတို့က ကြေညာပါတယ်။

လတ်တလော သဘောထားစစ်တမ်းတွေမှာတော့ အက်တာလ်ဟာ ပြင်သစ်နိုင်ငံရဲ့ ရေပန်းအစားဆုံး နိုင်ငံရေးသမားတွေထဲက တယောက်ဖြစ်ပြီး ရေဒီယိုအစီအစဉ်တွေနဲ့ လွှတ်တော်မှာလည်း အေးဆေးသက်သာ ရှိသူဖြစ်ပြီး သူ့ကိုယ်သူလည်း လိမ္မာပါးနပ်တဲ့ဝန်ကြီး ဆိုပြီး နာမည်ရခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013