DVB Logo
Home
မြန်မာသတင်း
အန်စီအေ အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
DVB
·
January 10, 2024
အန်စီအေ အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
Donate to DVB

စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့  အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ တို့  ဇန်နဝါရီ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံပွဲမှာ ရှေ့ဆက်လက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိရာဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့  ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့  ဆိုပါတယ်။ 

တွေ့ဆုံဆွေးနွေးပွဲကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နဲ့ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ပါတယ်။

အပစ်ရပ်အဖွဲ့တွေဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင် ဦးခွန်ဥက္ကာနဲ့ ဦးမျိုးဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ကေအန်ယူခွဲထွက်အဖွဲ့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတာဝန်ခံ နိုင်ညီညီနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟိုဦးစီးကော်မတီဝင် နန်းစံဖောင်းတို့ တက်ရောက်ကြတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အဖွဲ့တွေကတော့ တက်ရောက်ခြင်း မရှိပါဘူး။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013