DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတဝက်ခန့် အလုပ်သမားမပို့နိုင်
DVB
·
January 10, 2024
ဒီဇင်ဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတဝက်ခန့် အလုပ်သမားမပို့နိုင်
Donate to DVB

ပြည်ပအလုပ်အကိုင်အေဂျင်စီ တဝက်နီးပါးဟာ ဒီဇင်ဘာလအတွင်း အလုပ်သမားစေလွှတ်တာ မရှိခဲ့ဘူးလို့ စစ်ကောင်စီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာလအတွက် အလုပ်သမားစေလွှတ်မှု စာရင်းကို ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၇၂ ခုက တင်ပြခဲ့ကြပြီး အဲဒီထဲက အေဂျင်စီ ၂၂၀ ကျော်ဟာ စေလွှတ်အလုပ်သမား မရှိခဲ့ဘူးလို့ ဖော်ပြ ထားပါတယ်။

ကျန်အေဂျင်စီတွေရဲ့ ဒီဇင်ဘာလမှာ အလုပ်သမားစေလွှတ်ခဲ့တဲ့ ဦးရေဟာ ၉၅၀၀ နီး ပါးရှိခဲ့တယ်လို့လည်း စာရင်းတွေအရ သိရပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင် ရယူထားတဲ့ အေဂျင်စီအရေအတွက်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း တရှိန်ထိုးများလာပေမယ့် အလုပ်သမားစေလွှတ်မှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု နည်းတယ်လို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးက "လိုင်စင်ယူပြီး စျေးကွက် မဖောက်နိုင်လို့ အလုပ်သမားမပို့နိုင်တဲ့ အေဂျင်စီတွေ အများကြီး၊ လုပ်ငန်း မကျွမ်းကျင်ဘဲ ဝင်လာပြီး ဘာမှ မလုပ်နိုင်တာတွေလည်း တွေ့ရတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် အေဂျင်စီ တချို့ဟာ အလုပ်သမားတွေဆီက ဝန်ဆောင်ခငွေ ကြိုတင်ရယူထားပြီး သက်ဆိုင်ရာနိုင်ငံဆီ မပို့ပေးနိုင်ဘဲ အချိန်ဆွဲနေတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့် အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော် ရှိပြီး ၂၀၂၁ ခုနှစ် နှစ်ဆန်းကထက် အေဂျင်စီအရေအတွက်ဟာ နှစ်ဆနီးပါး တိုးလာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီအေဂျင်စီတွေအနေနဲ့ လစဥ်ပြည်ပကိုစေ လွှတ်ထားတဲ့ အလုပ်သမားဦးရေ စာရင်းပေးပို့ဖို့ ညွှန်ကြားထားပေမယဲ့ ဒီဇင်ဘာလမှာ အေဂျင်စီ ၁၈ ခုဟာ ပေးပို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လစဥ် ပြည်ပကို စေလွှတ်ထားတဲ့အလုပ်သမားဦးရေ စာရင်းပေးပို့ဖို့ ပျက်ကွက်တာ သုံးကြိမ် ကျော်ရင် ကာလအကန့်သတ်နဲ့ လိုင်စင်ပိတ်အရေးယူမယ်လို့ အဲဒီဌာနက သတိပေးထားပါတယ်။

ဒီဇင်ဘာလအတွက် စာရင်းပေးပို့ဖို့ ၄ ကြိမ် ပျက်ကွက်တဲ့ အေဂျင်စီ ၃ ခု၊ ၃ကြိမ် ပျက်ကွက်တဲ့ အေဂျင်စီ ၃ ခု ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013