DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှထိုင်းသို့ တရားမဝင် ဝင်လာသည့် မလေးရှားနှင့်တရုတ်နိုင်ငံသား ၉ ဦး ဖမ်းဆီးခံရ 
DVB
·
January 10, 2024
မြန်မာဘက်မှထိုင်းသို့ တရားမဝင် ဝင်လာသည့် မလေးရှားနှင့်တရုတ်နိုင်ငံသား ၉ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မလေးရှားနိုင်ငံသား ၅ ဦး၊ တရုတ်နိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင် ၅ မြို့နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက် တာဝန်ထမ်း ဆောင်စဉ် ဇန်နဝါရီ ၉ ရက်က မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စု သောင်ရင်းမြစ်က ကူးတို့ဆိပ်မှာ မသင်္ကာဘွယ် အမျိုးသား ၅ ယောက်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ သူတို့ဟာ မလေးရှားနိုင်ငံသားတွေဖြစ်ပြီး မြန်မာဘက်ကမ်း တရားမဝင် လမ်း ကြောင်းက‌နေ ဝင်ရောက်လာတာလို့ ဝန်ခံပါတယ်။  ၅ ဦးလုံးမှာ ဗီဇာသက်တမ်းကုန် လွန် နေပြီဖြစ်တာကြောင့် လဝကဥပဒေနဲ့အညီအရေးယူဖို့ မဲဆောက်လဝက အဖွဲ့ဖွဲ့ထံ အပ်နှံထား တယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် တနေ့တည်းမှာပဲ တာ့ခ်ခရိုင် မယ်လမတ်မြို့နယ် မဲ့ကျလောအုပ်စုထဲမှာ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦး နဲ့ လမ်းပြ ထိုင်း ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။ 

၅ မြို့နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မဲ့ကျလောအုပ်စု ဘန့်ဟွေ့ပုန်ရွာရှိ လမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေစစ်ဆေးစဉ် မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာတဲ့ မီးခိုးရောင်အီဇူးစူးဟိုင်းလပ်ကား ၁ စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။ 

ကားရှေ့ခန်းမှာ ယာဉ်မောင်းထိုင်းအမျိုးသားနဲ့ အဖော် ၁ ဦးလိုက်ပါလာပြီး နောက်ခန်းမှာ အမျိုးသား ၄ ဦးတို့တွေ့ရှိကြောင်း၊ သူတို့ဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး  မြန်မာပြည်ကနေ တောလမ်းမှ ဝင်ရောက်လာတာလို့ ဝန်ခံသွားပါတယ်။ 

အဆိုပါတရုတ်နိုင်ငံသားတွေရဲ့  ဗီဇာပတ်စပို့နဲ့ ပတ်သက်လို့တော့ သတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။ 

ဒါပေမယ့် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာကြောင့် လမ်းပြ ထိုင်း ၂ ဦးကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ မယ်လမတ်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်ရှေ့က မဲဆောက်တဘက်ကမ်း မြဝတီခရိုင် ရွှေကုက္ကိုလ်‌ဒေသရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ထိုင်းနဲ့မြန်မာပူးပေါင်းနှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြးတဲ့နောက် ထိုင်းနယ်စပ်မှာ မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ မကြာခဏ ဖမ်းမိနေတာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013