DVB Logo
Home
နိုင်ငံတကာ
အန္တာတိကဒေသရှိ  မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုသိရှိရန် ပင်ဂွင်းငှက်ချေးကိုပါ လေ့လာမည် 
DVB
·
January 10, 2024
အန္တာတိကဒေသရှိ  မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုသိရှိရန် ပင်ဂွင်းငှက်ချေးကိုပါ လေ့လာမည် 
Donate to DVB

အန္တာတိကတိုက်၊ ကာဂွေလန်ကုန်းပြင်မြင့်နဲ့ အနားဝန်းကျင်က ကျွန်းတွေပါတဲ့ အန္တာတိက ဒေသကြီးထဲမှာရှိနေတဲ့ မိုက်ခရိုပလတ်စတစ်ညစ်ညမ်းမှုပမာဏ ဘယ်လောက်ရှိနေပြီလဲဆိုတာ အကဲဖြတ်ဖို့ အဲဒီဒေသတွင်းက ရေ၊ အနည်တွေနဲ့ ပင်ဂွင်းငှက်ချေးတွေကိုပါ လေ့လာဖို့ နျူကလီးယားသိပ္ပံပညာကို သုံးပြီး ခွဲခြမ်းစိတ်ဖြာနေ ပါတယ်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ IAEAနဲ့ အာဂျင်တီးနား အန္တာတိက အင်စတီကျု (IAA) တို့က ပညာရှင်တွေက  ပူးပေါင်း စုံစမ်းစစ်ဆေးနေတာပါ။

ဒီစစ်ဆေးမှုအသစ်ဟာ ကမ္ဘာတဝန်းနိုင်ငံတွေမှာ မိုက်ခရိုပလတ်စတစ် ညစ်ညမ်းမှုက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ကြည့်ဖို့ IAEA ရဲ့ NUTEC ပလတ်စတစ် ဆိုင်ရာ ကနဦးခြေလှမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

IAEA ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂရောက်ဇီက“အန္တာတိကတိုက်ရဲ့ ကျန်းမာရေးဟာ ကမ္ဘာရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်”လို့ ဇန်နဝါရီ ၆ ရက် အာဂျင်တီးနားသမ္မတနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"မိုက်ခရို ပလတ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဒီနေရာက ခြွင်းချက်မရှိပါဘူး"လို့လည်းသူက အန္တာတိကတိုက်ဆီ အလည်အပတ်ခရီးစဉ် အတွင်း ပြောပါတယ်။

သုတေသနအစီအစဉ်မှာ အာဂျင်တီးနား ရေခဲခွဲသင်္ဘော အယ်လ်မီရန်တေ အီရစ်ဇာကို အသုံးပြုမှာပါ။ 

သိပ္ပံပညာရှင်တွေဟာ ပင်ဂွင်းချေးတွေက နမူနာတွေ၊ ပင်လယ်ကြမ်းပြင်က အနည်အနှစ်တွေနဲ့  ရေခဲလွှာတဝိုက်က ရေနမူနာတွေကို အန္တာတိကတိုက်က ကာလီနီ အခြေစိုက်စခန်းမှာ ခွဲခြမ်း စိတ်ဖြာ လေ့လာမှာပါ။ တခြားနမူနာတွေကိုတော့  မိုနာကိုနိုင်ငံမှာရှိတဲ့ IAEA သုတေသနစင်တာဆီ ပေးပို့မှာ ဖြစ်ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013