DVB Logo
Home
နိုင်ငံတကာ
အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့သူ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့သည့် ဆုံးဖြတ်ချက် အိန္ဒိယတရားရုံးချုပ် ပယ်ဖျက်
DVB
·
January 9, 2024
အုပ်စုဖွဲ့အဓမ္မကျင့်ခဲ့သူ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့သည့် ဆုံးဖြတ်ချက် အိန္ဒိယတရားရုံးချုပ် ပယ်ဖျက်
Donate to DVB

၂၀၀၂ ခုနှစ်တုန်းက ဂူဂျာရတ်ပြည်နယ်မှာ ဟိန္ဒူ-မွတ်စလင်ပဋိပက္ခ ဖြစ်ပွားခဲ့စဉ်က ကိုယ်ဝန်သည် မွတ်စလင်အမျိုးသမီးတဦးကို အုပ်စုလိုက် အဓမ္မကျင့်ခဲ့တဲ့ ဟိန္ဒူအမျိုးသား ၁၁ ဦးကို ပြန်လွှတ်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ဖို့ ဇန်နဝါရီ ၈ ရက်နေ့မှာ အိန္ဒိယတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် အဲ့ဒီအမျိုးသမီးရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ခဲ့တာကြောင့် ထောင်ဒဏ်တသက်တကျွန်းမှ လွတ်မြောက်သွားသူတွေအနေနဲ့ နှစ်ပတ်အတွင်း အကျဉ်းထောင် အာဏာပိုင်တွေဆီ လာရောက်အဖမ်းခံကြဖို့ တရားရုံးက ညွှန်ကြားထားပါတယ်။

မွတ်စလင်အများစု အပါအဝင် လူ ၁,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဖြစ်စဉ်မှာ ကိုယ်ဝန်သုံးလရှိပြီဖြစ်တဲ့ ဘီလ်ကစ်ဘာနူး အမည်ရ အမျိုးသမီးဟာ စုဖွဲ့မုဒိမ်းကျင့်ခံရပြီး သူအသက်ရှင်ခဲ့ပေမဲ့ သူ့ရဲ့ သုံးနှစ်အရွယ်သမီးငယ် အပါအဝင် မိသားစု ဆွေမျိုး ၇ ဦး အသတ်ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး သူ့ပါတီ BJP က ပြည်နယ်အာဏာရပါတီ ဖြစ်ခဲ့တာပါ။

ဒီကျူးလွန်ခဲ့သူ ၁၁ ဦးကို ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ်တသက်တကျွန်းစီ ချခဲ့ပြီးနောက် ထောင်သက်ကြာမြင့်ချိန်မှာ ထောင်တွင်း ကောင်းမွန်စွာ နေထိုင်တယ်ဆိုပြီး လက်ရှိ ဂူဂျာရတ် ပြည်နယ်အစိုးရက ပြစ်ဒဏ်လျှော့ပေါ့ပေးကာ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013