DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာမိန်းကလေး ၁ ဦး ဓားထောက်ပြီး အဓမ္မပြုကျင့်ခံရ 
DVB
·
January 9, 2024
ဘန်ကောက်တွင် မြန်မာမိန်းကလေး ၁ ဦး ဓားထောက်ပြီး အဓမ္မပြုကျင့်ခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်၊ ဘန်ခွန်ထိန်းနယ်မြေထဲမှာ ထိုင်းပွဲစားက မြန်မာအလုပ်သမား မိန်းကလေးတယောက်ကို အလုပ်ရှာပေးမယ်ပြောပြီး တည်းခိုခန်းတစ်ခု ခေါ်သွားကာ ဓားထောက်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေ တဲ့ MHAC အဖွဲ့က ပြောပါတယ်။

ကရင်ပြည်နယ်ကလာတဲ့ ၁၉ နှစ်အရွယ် မိန်းကလေးဟာ  မကြာသေးခင်ကမှ ထိုင်းကို ဝင်ရောက်လာပြီး အလုပ်ရဖို့ ဆွေမျိုးတွေက သူတို့အလုပ်ရုံက ကားမောင်းသမားလည်းဖြစ်၊   ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်ရှာဖွေပေးနေတဲ့ ပွဲစားလည်းဖြစ်တဲ့ အသက်  ၄၅ နှစ်ရွယ် ထိုင်းအမျိုးသားတဦးထံ ယုံကြည်စွာအပ်နှံခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ ပွဲစားက မိန်းကလေးကို အလုပ်သွားသွင်းပေးမယ်ပြောပြီး ခေါ်ဆောင်သွားစဉ် လမ်းခုလပ်မှာ ဓားထောက်ပြီး မတရား ပြုကျင့်ခဲ့တာလို့  မဟာချိုင်အခြေစိုက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီ MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပွဲစားက သူ့ကိုအလုပ်သွင်းပေးမယ်ဆိုပြီး မော်တော်ဆိုင်ကယ်နဲ့ လာခေါ်သွားတာ၊ အဲဒီပွဲစားက အရင်အလုပ်သမားတွေကိုလည်း အလုပ်ရှာပေးနေကျ၊ သူတို့စက်ရုံကလည်း ဖြစ်တယ်ဆိုတော့ ဆွေမျိုးတွေက ယုံကြည်ပြီး ထည့်လိုက်တာပေါ့။  လမ်းခုလတ်ရောက်တော့ တည်းခိုခန်းတစ်ခုထဲကို ခေါ်သွားတာ။ အခန်းထဲမှာ ဓားထောက်ပြီး အဓမ္မကျင့်ခဲ့တယ်လို့  ကျနော်တို့ဆီကို တိုင်ကြားလာပါတယ်။ ကျနော်တို့လည်း မိန်းကလေးကို ချက်ချင်းသွားခေါ်ပြီး ဆေးရုံမှာ ဆေးစစ်တာတွေ၊ ဘန်ခွန်ထိန်းရဲစခန်းမှာအမှုဖွင့်ပေးတာတွေလုပ်ခဲ့တယ်။”

အဓမ္မပြုကျင့်သူတဲ့ ထိုင်းပွဲစားဟာ လောလောဆယ်ထွက်ပြေးလွတ်မြောက်နေပေမဲ့ ရဲတပ်ဖွဲ့က သူ့ကိုယ်ရေးအချက်အလက်တွေအကုန်ရထားပြီးဖြစ်တာကြောင့် မကြာခင်ဖမ်းဆီး ရမိမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ စစချင်း ဝင်ရောက်လာတဲ့ မြန်မာမိန်းကလေးတွေ၊ အသက်မပြည့်တဲ့ ကလေးတွေကို  မြန်မာပွဲစား၊ ထိုင်းပွဲစားတချို့က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာ၊ ခြိမ်းခြောက် အဓမ္မပြုကျင့်တာမျိုး မကြာမကြာဖြစ်လေ့ရှိကြောင်း၊  MHAC အနေနဲ့  အလားတူဖြစ်ရပ်မျိုး လိုက်လံကူညီဆောင်ရွက်ပေးနေတာမှာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အတွင်း ၆ မှုရှိကြောင်းနဲ့ မိန်းကလေးတွေအနေနဲ့ သတိထားဖို့၊ တစိမ်းတွေနဲ့  တစ်ယောက်တည်း လိုက်မသွားဘဲ အဖော်နဲ့ သွားသင့်ကြောင်း MHAC အဖွဲ့က သတိပေးပြောကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013