DVB Logo
Home
နိုင်ငံတကာ
အငှားကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်ရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို
DVB
·
January 9, 2024
အငှားကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်ရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်‌က အငှားကိုယ်ဝန်ဆောင်တဲ့ နည်းလမ်းနဲ့ မိဘအုပ်ထိန်းတာကို တကမ္ဘာလုံးမှာ တားမြစ်ပိတ်ပင်ဖို့ ဇန်နဝါရီ ၈ ရက်က တောင်းဆိုခဲ့ပါတယ်။

ဒီအလေ့အထဟာ စိတ်ပျက်စရာကောင်းပြီး အမျိုးသမီးနဲ့ ကလေးရဲ့ ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ချိုးဖောက်တာလို့လည်း သူက ခေါ်ဝေါ်သုံးနှုန်းလိုက်ပါတယ်။

အငှားကိုယ်ဝန်ဆောင်တာကို ကလေးလိုချင်တဲ့ လိင်တူချင်း စုံမက်သူတွေက မကြာခဏ သုံးနေလို့ ပုပ်ရဟန်းမင်းကြီးရဲ့ မှတ်ချက်က လိင်စိတ်ခံယူချက် ကွဲပြားတာကို လိုလားတဲ့ အုပ်စုတွေအပေါ် ရန်လိုသလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။

ဒါ့အပြင် လိင်တူစုံမက်တဲ့ စုံတွဲတွေကို ကောင်းချီးပေးဖို့ သင်းအုပ်ဆရာတွေကို ခွင့်ပြုပေးတဲ့ သူ့ရဲ့ အထင်ကရ ဆုံးဖြတ်ချက်အပြီးမှာ ပုပ်ရဟန်းမင်းကြီးက ခုလို တောင်းဆိုခဲ့တာပါ။

မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အသုံးချခြင်းအပေါ် အခြေခံပြီး အမျိုးသမီးနဲ့ ကလေးရဲ့ ဂုဏ်သိက္ခာကို အပြင်းအထန် ချိုးဖောက်တာကို ကိုယ်စားပြုတဲ့ အငှားမိခင်အဖြစ် ခေါ်နေတဲ့ အလေ့အထကို မနှစ်မြို့စရာ အလေ့အထလို့ မှတ်ယူတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒါကြောင့် ဒီအလေ့အကျင့်ကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းက ကြိုးပမ်းအားထုတ်ကြဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဗာတီကန် အသိအမှတ်ပြု သံတမန်တွေကို ၄၅ မိနစ်ကြာ မိန့်ခွန်းပြောခဲ့ပြီး သူ့မိန့်ခွန်းကို ကမ္ဘာ့အခြေပြ မိန့်ခွန်းလို့လည်း ခေါ်ဆိုလေ့ရှိပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013