DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ဆိုင်ကယ်ခိုးခံရမှု များပြားနေ
DVB
·
January 9, 2024
ပုသိမ်တွင် ဆိုင်ကယ်ခိုးခံရမှု များပြားနေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလကစပြီး ဆိုင်ကယ်ခိုးခံရမှုတွေ များပြားလာကာ တရက်ခြား တခါလောက် ဆိုင်ကယ်ခိုးခံရမှုတွေ ရှိနေတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ပုသိမ်မြို့အတွင်းမှာရှိတဲ့ ရပ်ကွက်တွေမှာ နေအိမ်ခြံဝင်းတွေထဲအထိ ဆိုင်ကယ်ခိုးယူခံရတာတွေ ရှိနေပြီး ခိုးယူခံရတဲ့အချိန်ကလည်း ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ညမထွက်ရအချိန်တွေမှာ ခိုးယူခံနေရပါတယ်။

လူဝင်လူထွက်များတဲ့ အဆောင်တွေမှာ အုပ်စုဖွဲ့ကာ ခိုးယူခံရမှုတွေများနေပြီး တခါခိုးရင် ဆိုင်ကယ် သုံး လေးစီးထက်မနည်း ခိုးယူခံနေရတယ်လို့ ‌ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

“အရင်တုန်းက လမ်းဘေးတွေမှာ ရပ်ထားတဲ့‌ ဆိုင်ကယ်တို့ ခြံဝင်းအတွင်းမှာ ထည့်ထားတဲ့ ဆိုင်ကယ်တို့ကိုသာ အလစ်အငိုက်ချောင်းပြီး ခိုးတာ။ အခုဆို ဆိုင်ကယ်သူခိုးတွေက ၅ ယောက်ထက်မနည်း အုပ်စုဖွဲ့ပြီး အိမ်ထဲထိဝင်ခိုးတာ။ ဒီဇင်ဘာအကုန်က ပဒင်းတန်းလမ်းမှာရှိတဲ့ အဆောင်မှာ ဆိုင်ကယ် ၃ စီး ခိုးခံခဲ့ရသလို ဒီလအစမှာလည်း မဉ္ဇူလမ်းမှာရှိတဲ့ အဆောင်မှာ ဆိုင်ကယ် ၄ စီး ခိုးခံလိုက်ရတယ်။ သူခိုးကိုမိပြီး အခိုးခံရတဲ့ ဆိုင်ကယ်တွေ ပြန်ရ‌တာတော့ မကြားမိဘူး။ ရဲတိုင်လည်း ခေတ်ကောင်းတုန်းကတောင် ပြန်မရတာ အခုဆို ပိုဆိုးတာပေါ့။”

ပုသိမ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊ ခိုးမှုနဲ့ ဖောက်ထွင်းမှုတွေ ခပ်စိတ်စိတ်ဖြစ်လာသလို ဆိုင်ကယ်ခိုးယူခံရမှုတွေလည်း များနေပြီး ဒီဇင်ဘာလအစက ဇန်နဝါရီ ၇ ရက်နေ့အထိ ဆိုင်ကယ် အစီး ၃၀ ထက်မနည်း ခိုးယူခံ‌ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ထုတ်ထားပေမဲ့ လူပြတ်တဲ့နေရာတွေမှာတော့ ည ၉ နာရီနောက်ပိုင်း ဖမ်းဆီးခံရတာတွေရှိနေပြီး ဖမ်းဆီးခံရသူတချို့ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013