DVB Logo
Home
မြန်မာသတင်း
ဂျပန် ဘော်လီဘောပြိုင်ပွဲတွင် ကျောင်းသူ မရည်မွန်မြတ် ထူးချွန်အားကစားသမားဆုရ
DVB
·
January 9, 2024
ဂျပန် ဘော်လီဘောပြိုင်ပွဲတွင် ကျောင်းသူ မရည်မွန်မြတ် ထူးချွန်အားကစားသမားဆုရ
Donate to DVB

မြန်မာနိုင်ငံသား မိဘနှစ်ပါးကနေ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မွေးဖွားခဲ့တဲ့ အထက်တန်း ဒုတိယနှစ် ကျောင်းသူ မရည်မွန်မြတ်ဟာ လက်ရှိကျင်းပနေတဲ့ ဂျပန်တနိုင်ငံလုံး နွေဦးအထက်တန်းကျောင်း အမျိုးသမီး ဘော်လီဘောပြိုင်ပွဲမှာ ထူးချွန်အားကစားသမားဆုရရှိခဲ့ပြီး ဂျပန်မီဒီယာတွေမှာ အထူးအလေးပေး ဖော်ပြနေကြပါတယ်။

ဖခင်ဖြစ်တဲ့ မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်း ဦးမြတ်သူကတော့ သမီးဖြစ်သူကို နောင်တချိန် ဂျပန်နိုင်ငံကိုယ်စားပြု လက်ရွေးစင်ဖြစ်တဲ့အထိ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ တိုကျိုမြို့က ရှီမိုခိတဇာဝါအထက်တန်းကျောင်း ဘော်လီဘောအသင်းရဲ့ အဓိက အားထားရတဲ့ လက်ရွေးစင်ကစားသမားအဖြစ် ပါဝင်ကစားနေပြီး ဇန်နဝါရီ ၈ ရက်နေ့ နောက်ဆုံးဗိုလ်လုပွဲမှာ အသင်းအနေနဲ့ ဒုတိယဆုရရှိခဲ့ပေမဲ့ မရည်မွန်မြတ်ကတော့ ထူးချွန် ကစားသမားဆု ရရှိခဲ့ပါတယ်။

အရပ် ၁၇၅ စင်တီမီတာရှိတဲ့ အသက် ၁၆ နှစ်အရွယ် မရည်မွန်မြတ်က ပြိုင်ပွဲအပြီး သူ့အနေနဲ့ ဂျပန်နိုင်ငံ လက်ရွေးစင်ကစားသမားဖြစ်အောင် ဆက်လက်ကြိုးစားသွားမယ်လို့ ဂျပန်သတင်း မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

မရည်မွန်မြတ်ရဲ့ အစ်ကိုဖြစ်သူ ကောင်းဇံမရကလည်း  အသက် ၁၃ နှစ်အရွယ်ကတည်းက ဂျာမနီ နိုင်ငံတကာဘောလုံးပြိုင်ပွဲမှာ ဂျပန်နိုင်ငံလက်ရွေးစင်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး လက်ရှိ ဂျပန်တက္ကသိုလ်ဘောလုံးလက်ရွေးစင် ကစားသမားတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013