DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ လက်ဘနွန်ထိ ရောက်လာမှု အီးယူ သတိပေး  
DVB
·
January 8, 2024
ဂါဇာစစ်ပွဲ လက်ဘနွန်ထိ ရောက်လာမှု အီးယူ သတိပေး  
Donate to DVB

ဟားမတ်စ်နဲ့ အစ္စရေးစစ်ပွဲကနေ ကူးစက်လာတဲ့ ဒေသတွင်း ပဋိပက္ခတစ်ခုထဲကို လက်ဘနွန်နိုင်ငံ ဆွဲခေါ်ခံလာရတာနဲ့ ပတ်သက်လို့  ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်က  ဇန်နဝါရီလ ၆ ရက်မှာ တပ်လှန့် အချက်ပေးလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံဆီ အလည်အပတ် ရောက်ချိန်မှာ ဘောရဲလ်က အရှေ့ အလယ်ပိုင်းမှာ ဒေသတွင်း တင်းမာမှုတွေကို ရှောင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပြီး ဒေသတွင်း ပဋိပက္ခကနေ ဘယ်သူမှ အနိုင်ရမှာမဟုတ်ဘူးလို့ အစ္စရေးကို သတိပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသအတွင်းနဲ့ ပတ်ဝန်းကျင်က ဖြစ်စဉ်တွေ၊ ဂါဇာကမ်းမြောင်ဒေသရှိ စစ်ပွဲတွေရဲ့ သက်ရောက်မှု၊ အစ္စရေး-လက်ဘနွန်နယ်စပ်က အခြေအနေတွေကို ထိပ်တန်း အစိုးရအရာရှိတွေနဲ့ ဆွေးနွေးပြီးတဲ့နောက် လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး အဗ်ဒယ်လာဟူ ဘူဟာဘီဘင်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘော်ရယ်က မှတ်ချက်ပေးခဲ့တာပါ။

အပြာလိုင်းကိုဖြတ်ပြီး အပြန်အလှန် ပစ်ခတ်တာဟာ စိုးရိမ်စရာတွေပိုဖြစ်လာတာကို မြင်တွေ့နေရတယ်လို့လည်း  ဘော်ရယ်က ပြောပါတယ်။ 

အပြာလိုင်းလို့ လူသိများတဲ့ နှစ်နိုင်ငံကြား လက်ရှိ နယ်နိမိတ်မျဉ်းဟာ ကုလသမဂ္ဂက ပုံဖော်ထားတဲ့ နယ်နိမိတ်မျဉ်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ  အစ္စရေးတပ်တွေက လက်ဘနွန် တောင်ဘက်ဆီ ဆုတ်ခွာသွားချိန်မှာ အမှတ်အသားပြုတဲ့ နယ်နိမိတ်မျဉ်း ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013