DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တွင် ရေကြီးရေလျှံပြီး အိမ်ခြေ ၁,၀၀၀ ဝန်းကျင် ပျက်စီး
DVB
·
January 7, 2024
ဗြိတိန်တွင် ရေကြီးရေလျှံပြီး အိမ်ခြေ ၁,၀၀၀ ဝန်းကျင် ပျက်စီး
Donate to DVB

ဗြိတိန်နိုင်ငံမှာ မိုးသည်းထန်ရွာသွန်းခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်မှာ နိုင်ငံတဝန်းရှိ အဓိက မြစ်ကြီးတွေမှာ ရေကြီးရေလျှံ ဖြစ်ခဲ့တာကြောင့် လက်ရှိအချိန်အထိ အိမ်ခြေ ၁,၀၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီး အစိုးရက ရေကြီးမှု သတိပေးချက် ၃၀၀ ကျော် ထုတ်ပြန်ထားမှုနဲ့အတူ ခရီးစဉ်တွေ ဖျက်သိမ်းတာကိုလည်း ကြေညာလိုက်ရပါတယ်။ 

အင်္ဂလန်အနောက်ပိုင်း ဂလို့စ်တက်ရှားခရိုင်ရှိ လောင်းင်ဖို့ဒ်ကျေးရွာဟာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ မြို့တွေထဲက တမြို့ ဖြစ်ပါတယ်။ 

တွတ်ခ်စ်ဘရီ ကောင်စီခေါင်းဆောင် ရစ်ချတ် စတန်လီကတော့ အဲဒီဒေသရှိ နေအိမ် ရေနစ်မြုပ်နေသူတွေကို ကူညီပေးဖို့ အကြံပေးထားတဲ့ လက်ကမ်းစာစောင်တွေ ပေးပို့ခဲ့ပြီး ဒေသကောင်စီက သူတို့အတွက် ပံ့ပိုးပေးလိမ့်မယ်လို့ ပြောပါတယ်။ 

အင်္ဂလန်အလယ်ပိုင်းက ထရန့်ထ်မြစ်လည်း ရေလျှံနေပြီး  အရေးပေါ်တုံ့ပြန်ဖို့လိုတဲ့ ဖြစ်ရပ်ကြီးတခုလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြေညာအသိပေးထားပါတယ်။ 

မြစ်ကမ်းပါးပေါ်ရှိ နူးအာ့ခ်မြို့မှ ဗွီဒီယိုဖိုင်ထဲမှာ လမ်းတွေထဲ လျှံတက်နေတဲ့ ရေတွေထဲမှာ မော်တော်ကားတွေနဲ့ လမ်းဆိုင်းဘုတ်တွေ တစိတ်တပိုင်း နစ်မြုပ်နေတာကို ပြထားပါတယ်။ 

ဇန်န၀ါရီ ၅ ရက်မှာ စတင် မိုးရွာသွန်းခဲ့ပြီး မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း မုန်တိုင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခတ်ခဲ့တာကြောင့် အင်္ဂလန်နဲ့ ဝေလနယ်တဝန်းရှိ မြစ်တွေနဲ့ ရေလမ်းကြောင်းတွေမှာ ကမ်းပါးတွေ  ရေနစ်မြုပ်ကုန်ပါတယ်။ 

တညလုံး မြင်တွေ့ခဲ့ရသလို ရာသီဥတုပြင်းထန်မှုက မတူညီပေမယ့် သောကြာနေ့မှာ မိုးပိုရွာလိမ့်မယ်လို့ ခန့်မှန်းထားပြီး ခြောက်သွေ့အေးမြတဲ့ ရာသီဥတု ဆက်ဖြစ်ပေါ်လိမ့်မယ် လို့လည်း ဆိုထားပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013