DVB Logo
Home
မြန်မာသတင်း
ဘော်လခဲမြို့မရဲစခန်းက ရဲ ၆ ဦး လက်နက်ခဲယမ်းများနှင့် KNDF ထံ အလင်းဝင်
DVB
·
January 7, 2024
ဘော်လခဲမြို့မရဲစခန်းက ရဲ ၆ ဦး လက်နက်ခဲယမ်းများနှင့် KNDF ထံ အလင်းဝင်
Donate to DVB

ကရင်နီပြည်၊ ဘော်လခဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီကို အလင်းဝင်ရောက်ခဲ့တယ်လို့ KNDF က ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘော်လခဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၆ ယောက်ဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ KNDF ဆီက ရောက်ရှိလာတာပါ။

နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဘော်လခဲမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက်တို့ဟာ လက်နက် ၅ လက်၊ ကျည်ဆန်တွေနဲ့ အလင်းဝင်ရောက်လာပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ရဲတပ်သားအမျိုးသား ၁ ယောက်ဟာ မိသားစုနဲ့အတူ သေနတ် ၁ လက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

KNDF အနေနဲ့ အလင်းဝင်ရောက်လာသူတွေကို ဆုကြေးငွေတွေပေးအပ်ပြီး သူတို့ ဆန္ဒအတိုင်း သွားလာနေထိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “အလင်းဝင်လာတဲ့ ရဲတပ်သားတွေကို ပထမအဆင့်အနေနဲ့ ကျနော်တို့ စိစစ်တယ်ပေါ့နော်။ သူတို့ကို ဆုငွေချီးမြှင့်တယ်။ လတ်တလောမှာ နေဖို့ထိုင်ဖို့ စီစဉ်ပေးထားတယ်။ ပြီးတော့ သူတို့ နေရပ် ပြန်ချင်သလားပေါ့၊ သွားချင်တဲ့နေရာရှိရင်လည်း ပို့ပေးဖို့စီစဉ်ထားတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းကနေ ဇန်နဝါရီလဆန်းပိုင်းအထိ KNDF ဆီကို အလင်းဝင်ရောက်ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၈၀ နီးပါးရှိပြီလို့ KNDF ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013