DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးတွင် ပျူစောထီးများ မိုင်းဆွဲခံရ၊ ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
January 6, 2024
နွားထိုးကြီးတွင် ပျူစောထီးများ မိုင်းဆွဲခံရ၊ ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး မွန်ပြည်နယ်၊ ရေးမြိုနယ်မှာတော့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ် 

 ဇန်နဝါရီ ၄ ရက်နေ့ ညနေပိုင်းက နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီးကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ ကျားနက်တပ်ဖွဲ့  MBT ဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ဘက်ကို ပြန်လာတဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ CANDA ကားတစီးနဲ့ အိမ်စီးကား ၂ စီးကို ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၆ နာရီလောက်က နွားထိုးကြီးမြို့နယ်၊ ကန်ရွာနဲ့ ကန်နှောင်ရွာကြားမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ​ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရှေ့ဆုံးကာ CANDA ကားကို မိုင်းထိမှန်ပြီး  ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကားပေါ်မှာပါလာတဲ့ ပျူစောထီးတွေက လက်နက်ငယ်တွေနဲ့ ပြန်လည် ရမ်းကားပစ်ခတ်ပြီး မြင်းခြံမြို့ဘက်ကို ထွက်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့ မန္တလေးခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မွန်ပြည်နယ်၊ ရေးမြိုနယ်၊ နှစ်ကရင်ကျေးရွာမှာ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက ရွှေမိုးဆိုသူ အိပ်ပျော်နေတုန်း အမည်မသိ လက်နက်ကိုင်တွေက လာရောက်ပစ်ခတ် ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

သူ့ခြံထဲက ရေတွင်းနားမှာ ပုခက်နဲ့ အိပ်နေတုန်း ပစ်ခံရတာဖြစ်ပြီး ညာဘက် မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ တချက်၊ ညာဘက်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ တချက်ရခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသခံ တယောက်က ပြောပါတယ်တယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့  KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇၊ တပ်ခွဲ ၄ က တပ်စုမှူး အဆင့်ရှိတဲ့ ပဒဲကော(ခ)သားခွီး အဖွဲ့က ကိုရွှေမိုးဆိုသူကို ပစ်ခတ်တာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဒါဟာ  နှစ်ကရင်ကျေးရွာမှာ လက်နက်ကိုင်အဖွဲ့က ပထမဆုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013