DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ၁ လအတွင်း ပဲခူးတိုင်းဒေသခံ အနည်းဆုံး ၂၃ ဦး သေဆုံး
DVB
·
January 6, 2024
စစ်တပ်လက်နက်ကြီးကြောင့် ၁ လအတွင်း ပဲခူးတိုင်းဒေသခံ အနည်းဆုံး ၂၃ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ၁ လအတွင်း စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၂၃ ယောက် ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လအတွင်း တော်လှန်းရေး တပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး အရပ်သားတွေနေတဲ့ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ဒေသခံ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ ကလေးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပဲခူးဒေသ ခံကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “လက်နက်ကြီးကျည်စထိမှန်လို့ တလအတွင်းမှာ ဒေသခံ ၂၃ ယောက်သေဆုံးခဲ့ရတယ်။ ဒီစာရင်းက ကိုယ်ကူညီပြီး ကိုယ်လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ပြောတာ။ တကယ့် မြေပြင်မှာ အခုထက် များချင်များမှာပေါ့။ တော်လှန်းရေးတပ်တွေ ရွာထဲမှာ ရောက်နေတယ်၊ ဒေသခံတွေက ဝှက်ပေးထားတယ် ဆိုပြီး ပစ်ခတ်တာ။ သေဆုံးရတော့ အရပ်သားတွေချည်းပဲ” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်လို့ သေဆုံးသူတွေထဲမှာ အသက် ၄၀ ကျော်အရွယ် ၆ ယောက်၊ အသက် ၃၀ ကျော်အရွယ် ၉ ယောက်၊ အသက် ၂၀ ကျော်အရွယ် ၅ ယောက်နဲ့ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ် ၃ ယောက်ဖြစ်ပြီး ကျောက်ကြီး၊ ပေါင်းတည်၊ နတ်တလင်း၊ ရွှေကျင်၊ ပဲနွယ်ကုန်း၊ ညောင်လေးပင်၊ ကျောက်တံခါး စတဲ့မြို့နယ်တွေက ဒေသခံတွေလို့ သိရပါတယ်။

ပဲနွယ်ကုန်း ဒေသခံ ကူညီကယ်ဆယ်ရေး အဖွဲ့တာဝန်ရှိသူ တယောက်က “ဒီဇင်ဘာလ ပထမအပတ်မှာ ၈ ယောက်၊ ဒုတိယအပတ်မှာ ၁၀ ယောက်နဲ့ တတိယအပတ်မှာ ၅ ယောက်၊ ကျည်စထိမှန် သေဆုံးခဲ့တာ။ ကျောက်ကြီးနဲ့ ပဲနွယ်ကုန်းဘက်မှာ သေဆုံးတာ များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁ လအတွင်း လက်နက်ကြီးကျည်စထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်ရှိခဲ့ပြီး နေအိမ်အဆောက်အဦ ၄၀ ထက်မနည်းလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို မကြာခဏ လက်နက်ကြီးကျည်စထိမှန် သေဆုံးတာတွေရှိနေလို့ ဒေသခံတွေဟာ တောင်ယာလုပ်ငန်းတွေ၊ လယ်ယာလုပ်ငန်းတွေနဲ့ ထင်းခွေဖို့ မိမိတို့ ပိုင်ဆိုင်တဲ့ နေရာတွေကိုတောင် မသွားရဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာတော့ ပဲခူးတိုင်းထဲကကျေးရွာတွေမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါကွဲလို့ ဒေသခံ ၁၁ ယောက်သေဆုံးခဲ့သေးရတယ်လို့ သတင်းမှတ် တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013