DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် ဝင်ပြိုင်ခွင့် ရှိ၊ မရှိ  တရားရုံးချုပ် ကြားနာမည်
DVB
·
January 6, 2024
၂၀၂၄ ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် ဝင်ပြိုင်ခွင့် ရှိ၊ မရှိ  တရားရုံးချုပ် ကြားနာမည်
Donate to DVB

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ယှဉ်ပြိုင်ခွင့် ရှိ၊မရှိဆိုတဲ့ သမိုင်းဝင်အမှုကြီးကို လက်ခံကြားနာသွားမယ်လို့ တရားရုံးချုပ်က ဇန်နဝါရီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ကော်လိုရာဒိုပြည်နယ် ရီပတ်ဘလီကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ မဲစာရင်းကနေ ထရမ့် အမည်ကို ထုတ်ပယ်ဖို့ ကော်လိုရာဒိုပြည်နယ်တရားရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ထရမ့်က တရားရုံးချုပ်ကို အယူခံတက်ထားပါတယ်။ 

တရားရုံးချုပ်က ဒီအယူခံကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်ရုံသာမကဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထရမ့်ရဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိကိုပါ ဆန်းစစ်သွားမှာပါ။ 

ဒေါ်နယ်ထရမ့်ဟာ ကက်ပီတယ်လ်လွှတ်တော်အဆောက်အအုံကို သူ့ထောက်ခံသူတွေ ဝင်စီးတဲ့ ကိစ္စမှာ လှုံ့ဆော်ပေးခဲ့တာကြောင့် အမေရိကန်အခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ချက် ပုဒ်မ ၁၄ အရ ဆူပူအုံကြွမှုမှာ ပါဝင်ပတ်သက်ရာရောက်တယ်လို့ ကော်လိုရာဒိုပြည်နယ်တရားရုံးက ဒီဇင်ဘာလ ၁၉ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒါကြောင့် ဆူပူအုံကြွသူဟာ အစိုးရရာထူးနေရာ ရယူခွင့် မရှိဘူးလို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။

ပြည်နယ်အများအပြားမှာ ထရမ့် နာမည် မဲစာရင်းကဖျက်ပေးဖို့ ဒီပုဒ်မအရ တရားစွဲထားတာတွေ လည်း အများအပြားရှိနေတဲ့အတွက် တရားရုံးချုပ်က ဒီပုဒ်မကို တစ်ခါတည်း အနက်ဖွင့်ပေးလိုက် ခြင်းအားဖြင့် တခါတည်းရှင်းလင်းသွားစေမှာဖြစ်ပါတယ်။ 

ထရမ့်လက်ထက်မှာ တရားရုံးချုပ် တရားသူကြီး သုံးယောက် အနားယူသွား၊ ကွယ်လွန် သွားတာကြောင့် သုံးနေရာ အစားထိုးခွင့်ရထားပါတယ်။ 

ဒါကြောင့် ၉ ဦးပါ တရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်တရားသူကြီးတွေ အားသာနေပါတယ်။ 

အမှုကို  ဖေဖော်ဝါရီလထဲမှာ ကြားနာမှာဖြစ်ပြီး စီရင်ချက်ဟာ တနိုင်ငံလုံးအပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013