DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် ရေတာရှည်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
DVB
·
January 6, 2024
ဝက်လက်နှင့် ရေတာရှည်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ပဲခူးတိုင်း ရေတာရှည်မြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားရဲစခန်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ အချိန် ၂ နာရီကျော်တိုက်ပွဲဖြစ်ခဲ့တာပါ။

ဝက်လက်အရှေ့ခြမ်းက ဒေသခံပြည်သူကာကွယ်ရေး ခေါင်းဆောင် ဗိုလ်ကျားကြီးက “အဲဒီ ရှိမ်းမကားစခန်းကို ကျနော်တို့ စောင့်ကြည့်နေတာဗျ။ အဲလို စောင့်ကြည့်နေတဲ့ အချိန် စကစ ဘက်က ဧရာဝတီမြစ်တဖက်ကမ်း ထုံးကြီးရွာ၊ ရွာသာရွာစတဲ့ ပျူရွာ ဘက်ကနေ ဧရာဝတီမြစ်ကိုဖြတ်ပြီး ရှိမ်းမကားရဲစခန်းကို ရိက္ခာနဲ့ စစ်အင်အား ဖြည့်တင်းလာတာတွေ့ရှိလို့ ကျနော်တို့ဘက်က ပစ်ခတ်မှု အရင်စ လုပ်တယ်။ အဲဒီမှာ နှစ်ဖက် ထိတွေမှုစဖြစ်တာပဲဗျ။ ကိုယ့်ဘက်က အဖွဲ့ကလည်း များတယ်။ ပစ်တာကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်တယ်။ သူတို့ဘက်ကလည်း ပြန်ပစ်ခတ်တာ တော့ရှိတယ်။ ကျနော်တို့ အသင်စောင့်ပြီး စနိုက်ပါနဲ့ ပစ်ခတ်နိုင်လို့ စကစ ဘက်က မျက်မြင် ၂ ဦး ကျဆုံးတယ်ဗျ။ ကျနော်တို့ ဘက်ကတော့ အကျဆုံးမရှိခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် မရယူနိုင်သေးသလို စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မတွေ့ရ သေးပါဘူး။

အခုတိုက်ပွဲကို ရွှေဘိုခရိုင် တပ်ရင်း ၁၇၊ ၁၈၊ ဗိုလ်ကျားကြီးအဖွဲ့၊ လျှပ်စီးပြောက်ကျား တပ်ဖွဲ့နဲ့ တိုက်နယ်ပကဖ၊ ဂဠုန်အဖွဲ့နဲ့ မြေပြင် တော်လှန်ရေးအင်းအားစု အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီ ၅ ရက် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ကွမ်းအုံးကျေးရွာနဲ့ တခွဲကြဲကျေးရွာအကြားမှာ ညနေ ၃ နာရီကျော်က စစ်ကောင်စီတပ်သားတွေ စီးလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်လို့ ၃ ယောက် သေဆုံးခဲ့တယ်လို့ ပုဝါနီစစ်ကြောင်းဆီကနေ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ဘုန်းကြီးကားကို ချောဆွဲလာတာဖြစ်ပြီး မိုင်းဆွဲပြီးနောက် ၁၅ မိနစ်ကြာလောက် ပစ်ခတ်တိုက်ခိုက်ရာမှာ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ စစ်ကြောင်း တာဝန်ရှိသူတယောက်က ဆိုပါတယ်။

အဲဒီနောက် ကွမ်းအုံကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်က ၄၀ မမ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၇ နာရီခွဲလောက်မှာလည်း ရွှေကဇောင်းကျေးရွာဘက်က စစ်ကောင်စီတပ်တွေက ပုဝါနီပြောက်ကျားပွိုင့်တွေရှိတယ်လို့ ယူဆရတဲ့သောနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးပြီး အရပ်သားတွေရဲ့ နေအိမ်တွေ ထိခိုက်တာ ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013