DVB Logo
Home
နိုင်ငံတကာ
ဂွါတီမာလာ သမ္မတဟောင်း အာမခံငွေပေးချေပြီး ထောင်မှနေအိမ်အကျယ်ချုပ် ပြောင်းရွှေ့
DVB
·
January 5, 2024
ဂွါတီမာလာ သမ္မတဟောင်း အာမခံငွေပေးချေပြီး ထောင်မှနေအိမ်အကျယ်ချုပ် ပြောင်းရွှေ့
Donate to DVB

ဂွါတီမာလာ သမ္မတဟောင်း အော့တို ပီရက်ဇ်ဟာ အဂတိလိုက်စားမှုနဲ့ ၂၀၁၅ ခုနှစ်ကတည်းက ၈ နှစ်ကြာ ထောင်ကျခဲ့ပြီးနောက်မှာ နေအိမ်အကျယ်ချုပ် ကျသွားပြီလို့ သူ့ရဲ့ရှေ့နေ ဆီဇာ ကယ်လ်ဒရွန်က ဇန်နဝါရီ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

သမ္မတဟောင်း ပီရက်ဇ်ဟာ ဇန်နဝါရီ ၃ ရက်  ညနေပိုင်းမှာ အကျဉ်းထောင်ကနေ ထွက်ခွာသွား ကြောင်း ရှေ့နေ ကယ်လ်ဒရွန်က ရိုက်တာကို ပြောပါတယ်။ 

ပီရက်ဇ်ဟာ အကျဉ်းထောင်မှ ထွက်ခွာပြီး နေအိမ်အကျယ်ချုပ် ကျခံရဖို့အတွက် ဒေါ်လာ ၃၈,၀၀၀ အာမခံငွေ ပေးချေရပြီး အပေါင်ပစ္စည်းအဖြစ် ဒေါ်လာ ၁ ဒသမ ၂ သန်းတန်ဖိုးရှိ အိမ်ရာ ၂ ခုကို ထားရှိခဲ့ရကြောင်းလည်း ကယ်လ်ဒရွန်က ပြောဆိုပါတယ်။ 

အငြိမ်းစားဗိုလ်ချုပ်ကြီး ပီရက်ဇ်ဟာ ဗဟိုအမေရိကနိုင်ငံကို ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အုပ်ချုပ်ခဲ့တာဖြစ်ပြီး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွေနဲ့ပတ်သက်တဲ့ ဆန္ဒပြမှုတွေအကြား သူ့ရာထူးသက်တမ်း ၄ လ သာ ကျန်တော့တဲ့အချိန်မှာ နုတ်ထွက်ဖို့ တွန်းအားပေးခံခဲ့ရတာပါ။

၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ပီရက်ဇ်ဟာ တရားမ၀င် အသင်းအဖွဲ့မှာ ပါဝင်မှုနဲ့ အကောက်ခွန် လိမ်လည်မှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ပီရက်ဇ်ဟာ သီးခြားအမှုတွဲတခုမှာလည်း ငွေကြေးခဝါချမှုနဲ့ လိမ်လည်မှုစွဲချက်တွေနဲ့ မနှစ်တုန်းက နောက်ထပ် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အကျဉ်းချခံနေရဆဲဖြစ်တဲ့ သူ့ရဲ့ဒုသမ္မတ ရိုခ်ဆာနာ ဘောလ်ဒက်တီနဲ့အတူ ပီရက်ဇ် ဟာ သူတို့ရဲ့အုပ်ချုပ်မှု ကာလအတွင်း နိုင်ငံတော်ဘဏ္ဍာငွေ ဒေါ်လာ ၃.၅ သန်းလောက်ကို ခိုးယူခဲ့တဲ့ အကောက်ခွန်လိမ်လည်မှု ကွန်ရက်ကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ 

လာ-လီနယာလို့ သိကြတဲ့ အဲဒီအမှုကို ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားတဲ့ ဂွါတီမာလာနိုင်ငံရှိ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ နိုင်ငံတကာကော်မရှင် (CICIG) အောက်မှာ အရင်ဆုံး စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ 

ပီရက်ဇ်ကတော့ ဒီအမှုရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ CICIG ကော်မရှင်ဟာ အမေရိကန်သံရုံးရဲ့ လက်နက်တခု ဖြစ်ပြီး အမေရိကန်ရဲ့ စွက်ဖက်မှုကို ထပ်ပြီး ရှုတ်ချပါတယ်လို့ ပြောပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013