DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ကုန်ဂိတ်လုပ်ငန်းရှင် အမျိုးသား ၁ ဦး ပြန်ပေးဆွဲခံရ
DVB
·
January 5, 2024
မူဆယ်တွင် ကုန်ဂိတ်လုပ်ငန်းရှင် အမျိုးသား ၁ ဦး ပြန်ပေးဆွဲခံရ
Donate to DVB

တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့မှာ ဇန်နဝါရီ ၃ ရက် ညနေ ၅ နာရီခွဲလောက်က ကုန်ဂိတ်လုပ်ငန်းရှင် အမျိုးသားတဦး ထပ်မံ ပြန်ပေးဆွဲခံရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

ပြန်ပေးဆွဲခံရသူနဲ့ နီးစပ်သူတဦးက “အခု နောက်တယောက်ကို ဆွဲသွားပြန်ပြီ။ ကုန်ဂိတ်လုပ်ငန်းရှင်။ အဲဒီတယောက်ကို သူတို့ အခု ပြန်ပေးငွေတောင်း‌နေတယ်။ ညှိနေတာ မပြီးသေးဘူး။ မူဆယ်တမြို့လုံးမှာ ဘယ်သူ့ကိုမှလည်း တိုင်လို့မရဘူး။ ဘယ်သူ့ကိုမှလည်း အားကိုးလို့မရဘူး” လို့ ပြောပါတယ်။

ပြန်ပေးဆွဲသူတွေက သူတို့ဆွဲမယ့်လူကို စောင့်ကြည့်နေကာ အခွင့်အရေးရတာနဲ့ သေနတ်နဲ့ထောက်၊ မျက်လုံးပိတ်ပြီး ကားပေါ်ခေါ်တင်သွားတာလို့ သူကပြောပါတယ်။

“မင်း ဘယ်လောက်ချမ်းသာတယ်၊ ဘယ်‌လောက်ပေးရမယ်၊ ဘာညာ အဲလိုမျိုးတောင်းတာ။ မပေးချင်ဘူးဆိုလို့ရှိရင် မျဉ်းလုံးတွေဘာတွေလှိမ့်တယ်၊ တုတ်နဲ့ရိုက်တယ်၊ အရမ်းနှိပ်စက်တယ်။ နောက်ဆုံး အိမ်ကိုဖုန်းဆက်တယ်။ ပိုက်ဆံညှိတယ်။ ညှိပြီးတော့မှ သူတို့လိုချင်တဲ့ပိုက်ဆံ Amount ရပြီဆိုရင် အဲပိုက်ဆံယူပြီး‌ ပြန်လွှတ်ပေးလိုက်တယ်။ မျက်စိကို အမြဲတမ်းစည်းထားတယ်။ ထမင်းတွေ၊ ဟင်းတွေတော့ ကောင်းကောင်းကျွေးတယ်။”

ပြန်ပေးဆွဲခံရသူတွေကို မူဆယ်မြို့ရှောင်လမ်းရှိ ဧက ၄၀ ‌အွန်လိုင်းငွေလိမ်ကုမ္ပဏီဝင်းထဲ ခေါ်သွားကာ မျက်လုံးတွေကို ဝောာက်လျှောက်စည်းထားပြီး တောင်းတဲ့ငွေ မပေးနိုင်ရင် ညှဉ်းပန်းနှိပ်စက်တယ်လို့ ဆိုပါတယ်။

“မူဆယ်မှာ ပြန်ပေးဆွဲမှုတွေ အများအပြားရှိနေတယ်။ ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး။ လူအများအပြားကို လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားကြတာ။ အဲဒီအဖွဲ့က ပြည်သူ့စစ် အဖွဲ့တခု ဖြစ်နိုင်တယ်” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

မူဆယ်မှာ အုပ်ချုပ်ရေးပျက်နေပြီး ရဲစခန်းကလည်း အဲဒီအမှု‌တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ငြင်းဆိုထားတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း နမ္မတူနွားခြံက အမျိုးသားက တရုတ်ယွမ် ၉ သိန်းခွဲ (ကျပ်သိန်း ၄,၇၀၀ ဝန်းကျင်)၊ ယမင်းစတိုးက အမျိုးသမီးက တရုတ်ယွမ်ငွေ ၅ သိန်း (ကျပ်သိန်း ၂,၀၀၀ ကျော်)၊ 999 ဆိုင်က တရုတ်က တရုတ်ယွမ်ငွေ ၈ သိန်း (ကျပ်သိန်း ၃,၇၀၀ ကျော်) ပေးရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013