DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်း၊ မြန်မာ ကုန်စည်များ ဈေးနှုန်းမြင့်တက်
DVB
·
January 4, 2024
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်း၊ မြန်မာ ကုန်စည်များ ဈေးနှုန်းမြင့်တက်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကုန်စည်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် နှစ်နိုင်ငံကုန်စည်တွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ်မြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်း ကုန်စည်တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ရင်ဆိုင်နေရတဲ့ အပြင် ထို့ကော်ကိုး-သင်္ကန်းညီနောင်လမ်းကနေ ကုန်တင်ယာဉ်ကြီးတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်တွေဟာ ပြတ်လပ်ပြီး ဈေးမြင့်တက်နေပါတယ်။ 

ထိုင်းနိုင်ငံထုတ်  ဆီ ၂ လီတာတဘူးကို အရင်က ကျပ် ၁၂၀၀၀ ရှိရာက အခု ကျပ် ၁၃၅၀၀ ၊ နက်စ်ကော်ဖီမစ် ၁ ထုတ် ကျပ် ၇၁၀၀ ကနေ  ၁၃၅၀၀ ၊ Clear ခေါင်းချော်ရည်ဘူးလတ် ၁ တဘူးကို ကျပ် ၁၀၀၀၀ ကနေ  ၁၂၅၀၀ ၊ မားမားခေါက်ဆွဲခြောက် တပါကင် ကျပ် ၁၅၀၀၀ ကနေ ၁၉၀၀၀ အထိဈေးမြင့်တက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ မြန်မာစားသောက်ကုန်တွေ ပြတ်လပ်ခဲ့ရပြီး ဈေးနှုန်းတွေမြင့်တက်နေပါတယ်။

မဲဆောက်မြို့မှာ ပြည်တွင်းထွက် ရွှေဘိုပေါ်ဆန်းမွှေး တအိတ် ဘတ် ၁၇၀၀ ကနေ ဘတ် ၂၄၀၀ ၊ ဖျာပုံပေါ်ဆန်းမွှေး ထူး ၇ လုံး  တအိတ်ဘတ် ၁၇၅၀ ကနေဘတ် ၁၈၅၀ ၊ ကြက်သွန်နီအသစ် ၁၀ ကီလိုအိတ် တအိတ်ဘတ် ၃၆၀၊ ပြည်တွင်းထွက်ပဲမျိုးစုံပါ ဈေးတက်နေပြီး ပစ္စည်းအဝင်မရှိဘူးလို့ မဲဆောက်မြို့က မြန်မာကုန်သည် ဒေါ်စိုးစိုးက ပြောပါတယ်။

မဲဆောက်ရောက်မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းထွက် စားသောက်ကုန်တွေကို အဓိက ဝယ်ယူစားသောက်နေတာဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ ဒီဇင်ဘာလကစတင်ပြီး မြန်မာငွေဈေးဟာ ဆက်တိုက်ကျဆင်းနေပြီး ဇန်နဝါရီ ၄ ရက်နေ့ ငွေလဲဈေးနှုန်းဟာ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ် ၁၀၂၀ ရှိပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013