DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဥ်းသားများ ဖိနှိပ်ခံနေရ
DVB
·
January 4, 2024
အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဥ်းသားများ ဖိနှိပ်ခံနေရ
Donate to DVB

အင်းစိန်အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံနေရတဲ့ အကြောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့  အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ အင်းစိန်ထောင် နိုင်ငံရေးသမားများ အင်အားစုက   လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန် ပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီကနေ့မှာကျရောက်တဲ့ ၇၆ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကလည်း ရွှေရည်စိမ်လွတ်လပ်ရေးပဲဖြစ်လို့ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ အင်းစိန်ထောင် နိုင်ငံရေးသမားများအင်အားစုက ဒီဗွီဘီကို လျှို့ဝှက်စာပေးပို့ထားတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်ကိုဖောက်ပြီးဝင်စီးမယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့ သံသယနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ထဲမှာ နှစ်ရှည်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၂ဝ ကို လက်ရှိအချိန်အထိ တိုက်ပိတ်ထားတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ်လည်းမရ ပါဆယ်ပို့ခွင့်တွေလည်း ပိတ်ပင်ထားတယ်လို့ အင်းစိန်ထောင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ညအိပ်ရင်လည်း ဒေါက်တွေနဲ့ အိပ်ရတော့ လုံးလုံးအဆင်မပြေတဲ့ အကြောင်း၊ အင်းစိန်ထောင်ဖောက်ပြီး ဝင်စီးမယ်ဆိုတဲ့သတင်း တကယ်လည်း မဟုတ်ဘဲနဲ့၊ နှစ်လလုံးလုံးကို ဒေါက်တွေနဲ့ထားပြီး  တိုက်ပိတ်ခံရရင်လည်း ရိုက်နှက်ခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားတယောက်က ပြောတဲ့အကြောင်း အင်းစိန်ထောင် သတင်းရင်းမြစ်က ပြောပါတယ်။  

၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က အင်းစိန်ထောင်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ 

ထောင်တွင်းအကျဥ်းကျခံနေရဆဲဖြစ်တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်တာ၊ ဖိနှိပ်တာ၊ ရိုက်နှက်နှိပ်စက်တာ၊ အဝတ်လဲခွင့် မပေးတာ၊ ‌သန့်ရှင်းရေးလုပ်ခွင့် မပေးတာတွေကြောင့် ယားနာ ရောဂါတွေ ဖြစ်နေကြပြီး တိုက်ပိတ်ခံ အကျဥ်းသားတွေကိုကျွေးတဲ့ ထောင်ဟင်းထမင်းတွေကလည်း  စားလို့တောင်မရတဲ့အတွက်  များစွာ အခက်တွေ့နေကြပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဥ်းသားတွေရဲ့သတင်း စုံစမ်းပေးနေတဲ့ အကျဥ်းထောင် ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးအပြစ်ပေးထားတယ်လို့  အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်က စတင်ကာ အခုနှစ် ဇန်နဝါရီ ၃ ရက်အထိ စစ်ကောင်စီက မတရားသဖြင့် ဖမ်းဆီးခဲ့သူ ၂၅,၇၃ဝ ဦးအထိရှိပါတယ်။

အဲဒီအထဲကမှ ၁၉,၉၃ဝ ဦးမှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ၈,၄၅၇ ဦးကတော့ ထောင်ဒဏ်ကျခံနေရပြီး သေဒဏ်ချမှတ်ခံရကာ အကျဥ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ ၁၁၉ ဦးနဲ့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုနှစ် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသား ၉၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်လို့ ကြေညာထားပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် ပါဝင်လဲဆိုတာတော့ မသိရသေးပါဘူး။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013