DVB Logo
Home
မြန်မာသတင်း
ဆေးကုသခွင့် မရသဖြင့်  နိုင်ငံရေးအကျဉ်းသား သေဆုံးမှု အင်းစိန်ထောင်တွင် အများဆုံးဖြစ်
DVB
·
July 20, 2026
Photo: PPNM Prison Deaths Report
Photo: PPNM Prison Deaths Report
Donate to DVB

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၆ မေလအထိ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင် ၃၂ ခုမှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ၁၄၈ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ပါတယ်။

PPNM ရဲ့ လေ့လာဆန်းစစ်ချက်အရ ဆေးကုခွင့်မရလို့ သေဆုံးရတဲ့ နိုင်ကျဉ်းအရေအတွက်မှာ အင်းစိန်အကျဉ်းထောင်ဟာ သေဆုံးမှုနှုန်း ၃၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်ပြီး အိုးဘိုအကျဉ်းထောင်က ဒုတိယ အမြင့်ဆုံး ဖြစ်ပါတယ်။

သေဆုံးရတဲ့ နိုင်ကျဉ်း ၁၄၈ ယောက်အနက် အမျိုးသား ၈၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၃ ရာခိုင်နှုန်းနှင့် LGBT ၁ ရာခိုင်နှုန်း ပါဝင်ပြီး အသက် ၃၆ နှစ်ကနေ  ၅၅ နှစ်ကြား လူကြီးပိုင်းအရွယ်တွေ သေဆုံးမှု အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

ထောင်တွင်းမှာ သေဆုံးရတဲ့ နိုင်ကျဉ်းတွေဟာ နာတာရှည်ရောဂါ၊ ကူးစက်တတ်တဲ့ ပြင်းထန်ရောဂါတွေအပြင် စစ်ဆေးမေးမြန်းချိန်မှာ ရခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့ ဝေဒနာတွေကြောင့် ဖြစ်တယ်လို့ PPNM ရဲ့မှတ်တမ်းအရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ကာကွယ်ကုသခွင့်ရပါလျက်နဲ့ အချိန်မီ ဆေးကုသခွင့် တမင်ပိတ်ဆို့ကာ လူမဆန်စွာ သေဆုံးစေခဲ့တဲ့ ဖြစ်စဉ်တွေအားလုံးအတွက် စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စု၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့မှာ တိုက်ရိုက် တာဝန်ရှိပြီး တာဝန်ခံရမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၂ ရက်ကပဲ ပဲခူးတိုင်း၊ ပေါင်းတည်အကျဉ်းထောင်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတဲ့ သက်ကြီး နိုင်ငံရေးအကျဉ်းသား ဦးထွန်းမြင့်ဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ကွယ်လွန်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013