DVB Logo
Home
မြန်မာသတင်း
ပစ်ချခံရသည့်  Mi-17 စစ်ရဟတ်ယာဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေ၊ ဗိုလ်မှူး ၁ ဦး ဖမ်းမိ
DVB
·
January 4, 2024
ပစ်ချခံရသည့်  Mi-17 စစ်ရဟတ်ယာဉ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေ၊ ဗိုလ်မှူး ၁ ဦး ဖမ်းမိ
Donate to DVB

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချခဲ့တဲ့ စစ်ရဟတ်ယာဉ်က ဗိုလ်မှူးတယောက်ကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်၃ဖွဲ့က ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာအထက်နားက ပါဂျောင်၊ နာဖော့တပ်စခန်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာရောက် ပို့ဆောင်တဲ့ စစ်ကောင်စီရဲ့ Mi-17 စစ်ရဟတ်ယာဉ်တစီးကို ကေအိုင်အေက ဇန်နဝါရီလ ၃ ရက် မနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ပစ်ချနိုင်ခဲ့တာပါ။

စစ်ရဟတ်ယာဉ်ဟာ နမ်းပန်တောင် ပတ်ဝန်းကျင်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ လိုင်ဇာပတ်ဝန်းကျင်က ဒေသခံတဦးကပြောပါတယ်။

အခုလို ထောက်ပို့ယာဉ် Mi-17 ရဟတ်ယာဉ်ကို နှစ်သစ်အစပိုင်းမှာ ပစ်ခတ်နိုင်တာဟာ အယူသီးတဲ့ စစ်ကောင်စီအတွက်တော့ ကြမ္မာငင်မယ့် နေ့ရက် အစပဲ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ပြောပါတယ်။ 

အခုလို ရဟတ်ယာဉ်ပစ်ချခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

NB KIA Arrested Major

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013