DVB Logo
Home
နိုင်ငံတကာ
အပစ်အခတ်ရပ်စဲရေးလမ်းဖွင့်ထားဟု ဆူဒန်အရန်ကာကွယ်ရေးတပ်ပြော
DVB
·
January 4, 2024
အပစ်အခတ်ရပ်စဲရေးလမ်းဖွင့်ထားဟု ဆူဒန်အရန်ကာကွယ်ရေးတပ်ပြော
Donate to DVB

ဆူဒန်နိုင်ငံရဲ့ အရန်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ အမြန်ထောက်ပံ့အင်အားစု (RSF) အဖွဲ့ဟာ ဆူဒန်စစ်တပ်နဲ့ ဆွေးနွေးမှုတွေကနေတဆင့် ချက်ချင်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို လမ်းဖွင့်ထားကြောင်း ဇန်န၀ါရီ  ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ 

RSF အဖွဲ့ဟာ တာကဒူမ်အရပ်သားညွန့်ပေါင်းအဖွဲ့နဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး စစ်တပ်ကိုလည်း အလားတူ လုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

အခုခါ ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆူဒန်နိုင်ငံမှာ ၉ လကြာ စစ်ပွဲကြောင့် နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး အငတ်ဘေးဆိုင်ရာ သတိပေးချက်တွေ များပြားလာခဲ့ပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေးဗျတို့ ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကတဆင့် ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေဟာ အခုထိ ဘာမှဖြစ်မလာသေးဘဲ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အရင်သဘောတူညီချက်တွေကိုလည်း အလေးမထားဘဲ ရှိနေခဲ့တာပါ။

နောက်ထပ် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ နိုင်ငံရေး ပြေလည်မှုတွေအတွက် အခြေခံအဖြစ် လုပ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ အက်ဒစ်စ်အဘာဘာ ကြေညာစာတမ်းကို လက်မှတ်ရေးထိုးပြီးတော့မှ အခုချိန်ထိ ဖြစ်ပွားလာတဲ့စစ်ပွဲကို အဆုံးသတ်ဖို့  RSF က အရှင်းလင်းဆုံး ကတိကဝတ်ပြု ထားပါတယ်။

စစ်တပ်ကသာ အဲဒီကြေညာစာတမ်းတခုတည်းနဲ့ ရောက်လာရင်တောင် ချက်ချင်း လက်မှတ်ထိုးပေးမှာပါလို့ ဟက်မက်ဒီလို့ လူသိများတဲ့ RSF ခေါင်းဆောင် မိုဟာမက် ဟမ်ဒန်ဒါဂါလိုက ပြောပါတယ်။

အဲဒီကြေညာချက်ထဲမှာ သန်းနဲ့ချီတဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေ နေရပ်ကို ပြန်ရောက်ဖို့နဲ့ ဘေးကင်းတဲ့ လမ်းကြောင်းတွေကို ဖန်တီးပေးဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အရပ်သားတွေကိုလည်း ပါဝင်ခွင့် ပြုမယ့် ကတိကဝတ်တွေ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း ဒါဂါလိုဟာ ဒီကြေညာချက်ရဲ့ ကတိကဝတ်တွေကို ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မကြာသေးခင်က ရက်သတ္တပတ်တွေအတွင်း RSF အဖွဲ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အမေရိကန်က စွပ်စွဲထားတာလည်း ရှိပါတယ်။

ဒါဂါလိုကတော့ ဖောက်ဖျက် ကျူးလွန်မှုတွေအတွက် အင်္ဂါနေ့မှာ တောင်းပန်ခဲ့ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဆောင်ခဲ့သူတွေကို အရေးယူမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013