DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် စက်သုံးဆီဝယ်ရန် ထောက်ခံစာကြေး ကျပ် ၂၀,၀၀၀ ပေးရ
DVB
·
January 3, 2024
ဘိုကလေးတွင် စက်သုံးဆီဝယ်ရန် ထောက်ခံစာကြေး ကျပ် ၂၀,၀၀၀ ပေးရ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ် စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဝယ်ယူခွင့် ရရှိဖို့ မြို့နယ်ထောက်ခံစာ ပြုလုပ်ရာမှာ ကျပ် ၂၀,၀၀၀ ပေးရပြီး စက်သုံးဆီဆိုင်တွေကပါ ဈေးထပ်တင်တာကြောင့် တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်တာကို အခွင့်ကောင်းယူကာ စက်သုံးဆီဝယ်ယူမယ်ဆိုပါက မြို့နယ်စစ်ကောင်စီရုံးတွေမှာ ထောက်ခံစာတစောင်ကို ငွေသောင်းချီပေးပြီ လုပ်နေကြရတာလို့ ၁၀ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဘိုကလေးမှာ ဆီဆိုင် လေးဆိုင်ပဲရှိတယ်။ ဓာတ်ဆီပဲဖြစ်ဖြစ် ဒီဇယ်ပဲဖြစ်ဖြစ် ဝယ်မယ်ဆိုရင် မြို့နယ်ထောက်ခံစာယူရတယ်။ အဲ့လို ထောက်ခံစာယူဖို့ ရုံးစရိတ်နှစ်သောင်းပေးရတယ်။ ထောက်ခံစာမပါရင် မရောင်းဘူး။”

တောင်သူလယ်သမားတွေ မိုးစပါးရိတ်သိမ်းတာနဲ့ နွေစပါးစိုက်ပျိုးတာတွေအတွက် လုပ်ငန်းဆောင်တာများပြုလုပ်ဖို့ စက်သုံးဆီလိုအပ်ပြီး ဆီပေပါလိုက်ဝယ်ယူရာမှာ ထောင်ခံစာမပါလို့  ကျပ်တသိန်းပိုပေးခဲ့ရတယ်လို့  သကံဝကျေးရွာနေတဦးက ပြောပါတယ်။

“စက်သုံးဆီဆိုင်တွေက မြို့နယ်နဲ့ညှိပြီး စျေးတင်တာ၊ ထောက်ခံစာပါရင် တပေပါကို ခြောက်သိန်း သုံးသောင်း ပေးရတယ်။ ထောက်ခံစာနဲ့ဆို ခြောက်သိန်းခွဲ၊ ထောက်ခံစာမပါရင် တပေပါကို  ခုနှစ်သိန်း သုံးသောင်းပေးရတယ်၊ တသိန်းပိုပေးရတယ်။”

စက်သုံးဆီ လက်ကားဝယ်ရာမှာ ပေါက်စျေးက အစိုးရထုတ်ပြန်ထားတဲ့စျေးနဲ့ အဆမတန် ကွာခြားနေပြီး အုပ်ချုပ်ရေးပိုင်းက မသိချင်ဟန်ဆောင်ကာ ပေါင်းစားနေတယ်လို့ မြို့ခံလုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက်အထိ စစ်တပ်က ထုတ်ပြန်ထားတဲ့ လက်ကားစျေးနှုန်းက ၉၂ ဆို တလီတာကို ၂,၄၃၂ ကျပ်၊ တဂါလံမှာ လေးလီတာပါတော့ တဂါလံကို ၉,၇၃၆ ကျပ်ပဲ ကျမယ်။ တပေပါမှာ ဂါလံ ၅၀ ပါတော့ ၄၈၆,၈၀၀ ပဲကျမယ်။ အခုရောင်းနေတဲ့ ထောက်ခံစာပါရင် ၆၃၀,၀၀၀ ဆို ၁၄၃,၂၀၀ ကွာတယ်။ ထောက်ခံစာမပါလို့ ၇၃၀,၀၀၀ ပေးရမယ်ဆိုရင် ၂၄၃,၂၀၀ ကွာတယ်။”

ဘိုကလေးမြို့နယ်မှာ သံချောင်းကြီး၊ သံချောင်းလေး၊ နွေမိုးဆောင်းနဲ့မိ ဘမေတ္တာ စတဲ့ စက်သုံးဆီဆိုင် လေးဆိုင်ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက် ဓာတ်ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီက ရည်ညွှန်းလက်လီစျေးနှုန်းများမှာ ၉၂ တလီတာ ၂,၅၅၀၊ ၉၅ တလီတာ ၂,၆၅၀ ဖြစ်ပြီး လက်ကားစျေးနှုန်းမှာ ၉၂ တလီတာ ၂,၄၃၂၊ ၉၅ တလီတာ ၂,၅၃၃ ကျပ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ကျောင်းကုန်းမြို့နယ်နဲ့ ကျုံပျော်မြို့နယ်တို့မှာ စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013