DVB Logo
Home
နိုင်ငံတကာ
ဂရမ်မီဆုရှင် အဆိုတော် ရှာကီရာ မွေးရပ်မြေ၌ ဧရာမကြေးရုပ်တုဖြင့် ဂုဏ်ပြုခံရ
DVB
·
January 2, 2024
ဂရမ်မီဆုရှင် အဆိုတော် ရှာကီရာ မွေးရပ်မြေ၌ ဧရာမကြေးရုပ်တုဖြင့် ဂုဏ်ပြုခံရ
Donate to DVB

ကိုလံဘီယာနိုင်ငံသူ နာမည်ကြီး အဆိုတော်တယောက်ဖြစ်တဲ့ ရှာကီရာဟာ သူ့ရဲ့ မွေးရပ် မြေဖြစ်တဲ့ ဘာရန်ကီရာမြို့မှာ ဧရာမပုံတူကြေးရုပ်တုနဲ့ ဂုဏ်ပြုခံခဲ့ရပါတယ်။

အမြင့် ၆ ဒသမ ၅ မီတာ (၂၁ ပေ) ရှိတဲ့ အဆိုပါ ဧရာမ ကြေးရုပ်တုမှာတော့ ရှာကီရာရဲ့ နာမည်ကျော် ဗိုက်သားလှုပ်အက ကနေဟန်သွင်ပြင်နဲ့ သက်ဝင်နေခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ ပုံတူ ကြေးရုပ်တုကို မက်ဂဒါလန်နာ မြစ်ကမ်းဘေးက ပန်းခြံမှာ ထားရှိမှာဖြစ်ပြီး ရုပ်တုဖွင့်ပွဲကို မြို့တော်ဝန် ဂျေမီ မူမာယေးဟိုက ရှာကီရာရဲ့ မိဘတွေနဲ့အတူ ဖွင့်လှစ်ခဲ့တာပါ။

အနုပညာရှင် ရီနို မားကက်ဇ်ရဲ့ လက်ရာ ဒီရုပ်တုက “သန်းပေါင်းများစွာသော မိန်းကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ အိပ်မက်တွေနောက်ကို လိုက်နိုင်ပြီးတော့ သူတို့ လိုချင်တဲ့ ဆန္ဒတွေကို အောင်မြင်အောင် ဖော်ဆောင်နိုင်စေဖို့” ဖန်တီးထားတာလို့ ဆိုပါတယ်။

အသက် ၄၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော်ဟာ ၁၉၉၀ ပြည့်လွန် ကာလတွေကတည်းက ခုကာလတိုင်အောင် ထင်ရှားတဲ့ တေးသီချင်းပေါင်းများစွာနဲ့ အောင်မြင်နေဆဲ ဖြစ်ကာ ဂရမ်မီဆု ၃ ဆုအပါအဝင် ထူးချွန်ဆုတွေ များစွာ ရရှိထားခဲ့တာပါ။

ရှာကီရာဟာ ၁၉၉၇ ခုနှစ်ကတည်းက ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Barefoot Foundation ကို တည်ထောင်ထားခဲ့ပြီး ခုလတ်တလော အဆိုတော်ကို ဂုဏ်ပြုတဲ့ ကမ္ပည်းပြားပေါ်မှာတော့ စပိန်ဘာသာစကားနဲ့ “Pies descalzos” လို့ ရေးထိုးထားကာ ဒါကတော့ ကလေးဘဝ အစောပိုင်းဖွံ့ဖြိုးမှုအတွက် “ခြေဗလာ” လို့ အဓိပ္ပာယ်ရပါတယ်။

Photo - Reuters/Carlos Parra Rios

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013