DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ၌ နှစ်သစ်ကူးကာလ ယာဉ်မတော်တဆဖြင့် သေဆုံးသူ ၁၂၈ ဦးရှိ 
DVB
·
January 2, 2024
ထိုင်းနိုင်ငံ၌ နှစ်သစ်ကူးကာလ ယာဉ်မတော်တဆဖြင့် သေဆုံးသူ ၁၂၈ ဦးရှိ 
Donate to DVB

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလ ၃ ရက်အတွင်း ယာဉ်မတော်တဆမှုနဲ့  သေဆုံးသူ ၁၂၈ ဦးရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။

ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ် သတိထားစောင့်ကြည့်ရမယ့် ကာလကို ၂၀၂၃ ဒီဇင်ဘာ ၂၉ မှ ၂၀၂၄ ဇန်နဝါရီ ၄ ရက်အထိ သတ်မှတ်ထားတာဖြစ်ပြီး ဇန်နဝါရီ ၁ ရက်အထိ တနိုင်ငံလုံး ယာဉ်တိုက်မှုနဲ့ သေဆုံးသူ ၁၂၈ ဦးရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆုရချေ့  ဟတ်ဖန်းက နေ့စဉ်သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ပထမ ၃ ရက်အတွင်း ယာဉ်မတော်တဆထိခိုက်မှုပေါင်း ၁၁၅၀ ကြိမ်ဖြစ်ပွါးခဲ့ပြီး  ထိခိုက်ဒဏ်ရာရသူပေါင်း ၁၁၅၁ ဦးရှိတယ်လို့ ဆိုပါတယ်။ 

ယာဉ်မတော်တဆထိခိုက်မှုအဖြစ်ဆုံးခရိုင်မှာ ကန်ကျနပူရီ  ၄၄ ကြိမ်  ဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူ ၄၃ ဦး၊ သေဆုံးသူအများဆုံးခရိုင်မှာ ဘန်ကောက် ၈ ဦးနဲ့ လုံးဝသေဆုံးသူမရှိတဲ့ခရိုင်ပေါင်း ၂၂ ခုရှိတယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆထိခိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အများဆုံးက သတ်မှတ်နှုန်းထက် အရှိန်မြှင့် မောင်းနှင်တာဖြစ်ပြီး မော်တော်ဆိုင်ကယ်ကပိုများကြောင်း၊ ဒုတိယအများဆုံးမှာ မူးယစ်သောက်စားပြီး မောင်းနှင်တာဖြစ်ကာ တတိယမှာ ယာဉ်စည်းကမ်းချိုးဖောက်တာ ဖြစ်ပါတယ်။

၂၀၂၄ နှစ်သစ်ကူးနေ့ မနေ့က တစ်ရက်တည်း ယာဉ်မတော်တဆထိခိုက်သေဆုံးသူ ၅၁ ဦးရှိပြီး အများစုမှာ အသက် ၂၀ မှ ၂၉ နှစ်ကြားရှိလူငယ်တွေဖြစ်ကြောင်း၊ မတော်တဆဖြစ်ချိန်မှာ သန်းခေါင်ယံ  ည ၁၂ ရီကျော်မှ မနက် ၁ နာရီတွင်းလို့ ဆိုပါတယ်။

နှစ်သစ်ကူးကာလ ယာဉ်မတော်တဆထိခိုက်မှုလျော့ပါးရေးအတွက် တနိုင်ငံလုံးမှာ စောင့် ကြည့်/ဝန်ဆောင်ပေးရေးစင်တာ  ၁၇၈၀ ဖွင့်ထားပြီး ဝန်ထမ်း ၅၁၆၇၀ ဦးရှိကြောင်း၊ မိမိနယ်မြေ ထဲမှာ ယာဉ်မတော်တဆထိခိုက်မှုရှိပါက အရေးပေါ်ဖုန်းလိုင်း ၁၇၈၄ သို့ ၂၄ နာရီဆက်သွယ်နိုင်ပြီး လိုင်း Line ID @1784DDPM  မှလည်း အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။ 

Source: ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013