DVB Logo
Home
အားကစား
မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် ဖရန့်ဖတ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့
DVB
·
January 2, 2024
မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် ဖရန့်ဖတ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့
Donate to DVB

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီအကုန်အထိ ဂျာမန်ကလပ်မှာ ရှိနေမှာဖြစ်ပြီး စာချုပ်ထဲမှာ အမြဲတမ်းပြောင်းရွှေ့ခွင့်ပါ ထည့်သွင်းထားပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ မှာ နယ်သာလန်ကလပ် အာရတ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းလာပြီးကတည်းက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲပဲ ကစားခွင့် ရထားပါတယ်။

နယ်သာလန်ကွင်းလယ်လူဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း အဲဗာတန်ကို တရာသီ အငှားချထားခဲ့ပေမဲ့ ဒူးဒဏ်ရာကြောင့် ရာသီဝက်လောက် အနားယူခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013