
အပြောင်းအရွှေ့မပိတ်ခင် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပြုဖို့ မန်ယူအသင်းကို ကွင်းလယ် ကစားသမား ကိုဘီမိန်နူးက တောင်းဆိုလိုက်ပါတယ်။
အပြောင်းအရွှေ့ပိတ်သိမ်းဖို့ ၄၈ နာရီ အလိုမှာ ကစားသမားဘက်က ထွက်ခွါခွင့်တောင်းဆိုခဲ့တာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့လိုနေတာပါ။
အသက် ၂၀ ပဲရှိသေးတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ နည်းပြ ရူဘင် အာမိုရင် လက်အောက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၄၅ ပွဲမှာ ၁၆ ပွဲမှာသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာပါ။
လက်ရှိ အချိန်မှာ သူ့ရဲ့နေရာကို အသင်းခေါင်းဆောင်း ဖာနန်ဒက်စ်က ပြောင်းလဲ ကစားနေတာကြောင့် ပွဲကစားခွင့် ပိုမိုနည်းပါးလာဖို့ ရှိနေတာပါ။
မိန်နူးကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေအပါအဝင် စုစုပေါင်း ၁၀ သင်းလောက်အထိရှိပါတယ်။ မန်ယူနိုက်တက်ဘက်ကတော့ မိန်နူးကိုအသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့်အတွက်တိုက်ပွဲဝင်ခိုင်းဖို့ တိုက်တွန်းထားပေမဲ့ အပြောင်းအရွှေ့မပိတ်ခင် အသင်းပြောင်းရွှေ့ နိုင်ခြေလည်း ရှိနေပါတယ်။










