DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီစွန့်ပစ်ခဲ့သည့် ဒဏ်ရာရစစ်သားကို MNDAA က ကယ်ဆယ်ကုသပေးထား
DVB
·
December 31, 2023
စစ်ကောင်စီစွန့်ပစ်ခဲ့သည့် ဒဏ်ရာရစစ်သားကို MNDAA က ကယ်ဆယ်ကုသပေးထား
Donate to DVB

စစ်ကောင်စီတပ်က စွန့်ပစ်ထားခဲ့တဲ့ ဒဏ်ရာရစစ်သားကို ကယ်ဆယ်ကုသပေးထားတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တို့ မုံးကိုးခရိုင် နန်ခုန့်ဒေသမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသွားတဲ့ စစ်တပ် ဆုတ်ခွာသွားချိန်မှာ ပေါင်မှာ ဒဏ်ရာရတဲ့စစ်သားကိုတော့ ထားပစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ရက်ပေါင်းများစွာ အစာငတ်နေခဲ့ရသလို ဒီဇင်ဘာ ၂၁ ရက်နေ့က တွေ့ရချိန်မှာ ဒဏ်ရာရတဲ့ ညာဘက်ခြေထောက်ဟာလည်း အနာဒဏ်ရာ ဆိုးဝါးပြီး ရောင်ကိုင်းနေတယ် လို့ MNDAA က ဆိုပါတယ်။

အဲဒီတပ်သားဟာ အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ဖြစ်ပြီး တပ်မ ၉၉ လက်အောက်ခံ အထူးတပ်ရင်း ၁၅ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးတပ်သား ဖြစ်တယ်လို့ ဆိုပါတယ်။

MNDAA က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ တပ်သား ခင်မောင်အိုက်က “ကျနော် ခေါ်တယ်။ ကျနော့်ကို ကယ်ပါဦး။ မထားခဲ့ပါနဲ့။ အကုန် ပြေးသွားတယ်။ အဲဒါ တယောက်တည်း ဆင်းလာတယ်။ တယောက်မှ မကူဘူး။ ထမင်းမစားရတာ ၈ ရက်။ (MNDAA ဆီကို ရောက်ပြီးတဲ့နောက်ပိုင်းမှာ) အရမ်းပျော်လိုက်တာ။ သေရင်လည်း သေပလေ့စေတော့လို့။ ထမင်းလည်း စားရပြီ။ ဆေးလည်းကုပေးပြီ။ အရမ်းကိုပျော်တာ။ ဟိုဘက်ကို‌ တော်တော်ကို စိတ်နာတာ။ အခု ဒီမှာ အိပ်ရတာ ခန္ဓာကိုယ် နွေးထွေးမှုကအစ တူကို မတူဘူး။ စောင်ရော ဘာရော ခြုံရတာ၊ ချွေးတောင်ပြန်တယ်၊ နွေးတာ။ ထမင်းစားရတာ အဆင်ပြေတယ်” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရန်ဘက်ဖြစ်ပေမဲ့ MNDAA က ပြီးခဲ့တဲ့ ကိစ္စတွေအပေါ် အပြစ်တင် အရေးယူတာမရှိဘဲ လူသားချင်းစာနာထောက်ထားမှုအရ ကုသကယ်ဆယ်ပေးပြီး အားပေးစကားပြောတဲ့အပေါ် အမြဲကျေးဇူးတင်စိတ်မွေးထားတယ်လို့ ပြောကြောင်းလည်း MNDAA က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ ညီနောင် ၃ ဖွဲ့က စစ်ကောင်စီအတွက် အသက်ပေးတိုက်ခိုက်နေသူတွေအနေနဲ့ နှစ်သစ်မှာ ပြည်သူ့ ရင်ခွင်ခိုလှုံတာကိ အကောင်းဆုံးလုပ်ရပ်ဖြစ်လို့ အမြန်ဆုံး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

သူတို့အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို အပြည့်အဝရယူရင်း မြန်မာပြည်သူ တရပ်လုံးလိုလားနေတဲ့ ဆန္ဒကိုလည်း တပါတည်း အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013