DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျာ၊ ဘာကီနာဖာဆိုနှင့် မာလီ ၃ နိုင်ငံမဟာမိတ်ဖွဲ့
DVB
·
December 31, 2023
နိုင်ဂျာ၊ ဘာကီနာဖာဆိုနှင့် မာလီ ၃ နိုင်ငံမဟာမိတ်ဖွဲ့
Donate to DVB

စစ်အစိုးရအသီးသီး ဦးဆောင်တဲ့ နိုင်ဂျာ၊ ဘာကီနာဖာဆိုနဲ့ မာလီ သုံးနိုင်ငံတို့က ဝန်ကြီးချုပ်တွေဟာ ဒီဇင်ဘာ ၃၀ ရက်က ဆာဟဲလ်နိုင်ငံများ မဟာမိတ်အဖွဲ့ (AES) ဖွဲ့ခဲ့ကြပြီး သူတို့ ၃ နိုင်ငံဟာ လုံခြုံရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို ပိုပြီးအနီးကပ် ကြိုးပမ်းလုပ်ဆောင်တော့မယ်လို့ ပြောပါတယ်။

အဲဒီအိမ်နီးချင်း ၃ နိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက အာဏာသိမ်းစစ်တပ်တွေကနေ ပြန်အုပ်ချုပ်ခဲ့ကြတာကြောင့် သူတို့ကို ဒီမိုကရေစီအုပ်ချုပ်မှုကို ပြန်လုပ်ဆောင်ဖို့ တိုက်တွန်းနေတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) နဲ့ အလှမ်းဝေးကွာခဲ့ပြီးနောက်မှာ ခုလို မဟာမိတ်ဖွဲ့လိုက်ကြတာပါ။ 

သူတို့ စစ်တပ် ၃ ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်မြင့်မားတဲ့ ပေါင်းစည်းမှုအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း မာလီဝန်ကြီးချုပ် ကိုဂွဲလ် ကိုကယ်ယာ မိုက်ဂါ က ပြောပါတယ်။ 

သူတို့ရဲ့ ဆွေးနွေးမှုတွေကနေ ထွက်ပေါ်လာတဲ့ အရေးကြီးဆုံးအချက်ကတော့ ၂ နိုင်ငံ ကော်မတီ အစည်းအဝေးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်တွေကို ကျင်းပမယ့်အစား၊ ၃ နိုင်ငံလုံးအတွက် စုစည်းထားတဲ့ ပူးတွဲကော်မရှင်တွေကို အခုကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ဂျာ ၀န်ကြီးချုပ် ALI LAMINE ZEINE က ပြောပါတယ်။ 

ဒီမတိုင်ခင်တရက်က ၃ နိုင်ငံ ဝန်ကြီးချုပ်တွေဟာ နိုင်ဂျာနိုင်ငံကနေ ပြင်သစ်တပ်တွေ အပြည့်အဝ ဆုတ်ခွာသွားမှုအတွက် အခမ်းအနားဆင်နွှဲနေကြတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးရှေ့မှာ ပေါ်လာခဲ့ကြပါတယ်။ 

စစ်အစိုးရတွေဟာ ကိုလိုနီအုပ်စိုးသူဟောင်း ပြင်သစ်နဲ့ ကာလရှည်ကြာ စစ်ဘက်ဆက်ဆံရေးကို ဖြတ်တောက်ပစ်ပြီးတော့ ဒေသတွင်းမှာ ပြင်သစ်သြဇာလွှမ်းမိုးမှုကို အလဲထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်အာဖရိက ဆာဟဲလ်ဒေသကို မတည်မငြိမ်ဖြစ်စေတဲ့ ဆယ်စုနှစ်ကြာ အစ္စလာမ္မစ် သူပုန်ထမှုကိုတားဆီးမယ့် နိုင်ငံတကာ ကြိုးပမ်းမှုတွေကိုလည်း ရှုပ်ထွေးသွားစေပါတယ်။ 

Source/Photo - REUTERS/Mahamadou Hamidou

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013