DVB Logo
Home
မြန်မာသတင်း
အင်းစိန်နှင့် ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံး
DVB
·
December 31, 2023
အင်းစိန်နှင့် ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသေဆုံး
Donate to DVB

အင်းစိန်နဲ့ ပုသိမ်ထောင်တို့မှာ ချုပ်နှောင်ခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် မိန်းကလေးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ ယောက်ဟာ ဒီရက်ပိုင်းမှာပဲ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က ပုဒ်မ ၃၀၂ အပါအဝင် အကြမ်းဖက်ပုဒ်မတွေနဲ့ မတရား အမိန့်ချခံထားရပြီး ပုသိမ်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ အသက် ၃၀‌ အရွယ် ကိုစံလင်းစံ သေဆုံးခဲ့ပါတယ်။

သူဟာ မူလရောဂါအခံကြောင့် ဦးခေါင်းခွဲစိတ်ခံထားရသူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် ဦးခေါင်းဒဏ်ရာ ပိုဆိုးရွားလာပြီး အောက်တိုဘာလကစလို့ ပုသိမ်ထောင်ထဲမှာ ဆေးဝါးကုသခံနေခဲ့ရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရတာကြောင့် ခေါင်းက ဒဏ်ရာ ပိုဆိုးလာပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀(ည) နဲ့ ပုသိမ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၂၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းဟာလည်း အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက် မရတဲ့အပြင် ထောင်ပြင်ပ ဆေးရုံကို အချိန်မီမပို့ပေးခဲ့တဲ့အတွက် ဒီဇင်ဘာ ၂၁ ရက်နေ့က သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မချယ်ရီဝင်းဟာ ဒီဇင်ဘာ ၁၈ နဲ့ ၁၉ ရက်တို့က ဖျားနာခဲ့ပြီး အပူချိန် ၁၀၆ ဒီဂရီအထိရှိတာကြောင့် ဆေးကုသခွင့်တောင်းပေမဲ့ ထောင်ထဲကို လူကြီးလမ်းကြောင်း လာဖို့ရှိတယ်ဆိုပြီး ချက်ချင်း မကုသပေးခဲ့ဘူးလို့ နီးစပ်သူတွေဆီက သိရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာမှ ပြင်ပဆေးရုံဆီ ပို့ပေးခဲ့ပေမဲ့ အဲဒီနေ့မှာပဲ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်ထဲကို မိသားစုဝင်တွေက ထောင်ဝင်စာပို့တဲ့အခါ အခြေခံလိုအပ်တဲ့ အင်္ဂလိပ်ဆေးဝါးတွေ ပို့ခွင့်မရတာ၊ ထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက်မရတာ၊ အရေးကြီးလူနာတွေကို အချိန်မီ ပြင်ပဆေးရုံဆီကို မပို့ပေးတာတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၁၇ ယောက် အသက်သေဆုံးခဲ့ရတယ်လို့လည်း ကွန်ရက်က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်နေရးအသင်း အေအေပီပီရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်ပါးစေတွေက ဖမ်းဆီးခံခဲ့သူ စုစုပေါင်း ၂၅,၆၅၆ ယောက်ရှိတဲ့အထဲက ၁၉,၈၅၈ ယောက်ဟာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပြီး ၈၄၂၈ ယောက်ကတော့ ထောင်ဒဏ်ချခံထားရပါတယ်။

ဒီထဲမှာ ၁၆၃ ယောက်ကိုတော့ အကြမ်းဖက်စစ်တပ်က သေဒဏ်ချထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013