DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်သား ၁၅၀ ကျော် အိန္ဒိယဘက် ထွက်ပြေး 
DVB
·
December 31, 2023
စစ်ကောင်စီ တပ်သား ၁၅၀ ကျော် အိန္ဒိယဘက် ထွက်ပြေး 
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်တပ်စခန်းတွေ သိမ်းခံရပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၅၀ ကျော် အိန္ဒိယနိုင်ငံကို ထွက်ပြေးရောက်ရှိလာပြီး နောက်ထပ်လည်း လာနိုင်သေးတယ်လို့ The Print  အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်က ၁၅၁ ယောက်ထက်မနည်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က လက်နက်တွေနဲ့အတူ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်းခရိုင်က ရွာကို ဝင်လာခဲ့တာလို့ အိန္ဒိယသတင်းဌာနက ဆိုပါတယ်။

သူတို့အပါအဝင် နိုဝင်ဘာ ၁၃ ရက်ကစလို့ မီဇိုရမ်-မြန်မာ နိုင်ငံတကာ နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယအာဏာပိုင်တွေဆီ လက်နက်ချ ဝင်ရောက်လာတဲ့ မြန်မာစစ်သား ၂၅၅ ယောက်ရှိပြီလို့ ဆိုပါတယ်။ 

ပလက်ဝမြို့နယ်က စစ်ကောင်စီရဲ့ ခဝဲဗျူဟာကုန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ၊ အိန္ဒိယ-မြန်မာ နယ်စပ်က စစ်ကောင်စီရဲ့ ပွိုင့် ၃၇၇ ခြေကုပ်စခန်းကုန်းကို ဒီဇင်ဘာ ၂၈ ရက်မှာ ရခိုင်တပ်တော် အေအေက သိမ်းပိုက်ခဲ့တာပါ။

နိုဝင်ဘာ ၂၄ ရက်ကလည်း ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို  ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် အိန္ဒိယဘက် ထွက်ပြေးခဲ့သလို နိုဝင်ဘာ ၁၆ ရက်ကလည်း ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFက သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၉ ယောက် မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခဲ့ပါတယ်။ 

The Print သတင်းဌာနကတော့ လောင်တလိုင်းခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ မြန်မာစစ်သားတွေကို အာသံရိုင်ဖယ်တပ်က နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်နေပြီလို့ ဆိုပြီး လက်နက်ချခဲ့တဲ့ မြန်မာစစ်တပ် အရာရှိတွေကိုတော့ ပါဗာမြို့ကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

အခုထွက်ပြေးလာခဲ့တဲ့ စစ်သား ၁၅၁ ယောက်ကိုလည်း မဏိပူရပြည်နယ်၊ မိုရေးမြို့ကို လေယာဉ်နဲ့ပို့ပြီး အရင်လိုပဲ မြန်မာစစ်တပ်ဆီကို ပို့ပေးမယ်လို့ထင်ကြောင်းလည်း မီဇိုရမ်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

Source: THE PRINT

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013