DVB Logo
Home
မြန်မာသတင်း
ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ
DVB
·
December 31, 2023
ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ နဲ့ ခမရ ၅၈၃ တပ်ရင်း ဒီဇင်ဘာ ၃၀ ရက် ညက တိုက်ခိုက်ခံရသလို စစ်ကောင်စီနဲ့ပတ်သက်တဲ့ လောင်းကစားဝိုင်းတွေ ပိတ်သိမ်းကြဖို့ မော်လမြိုင်ခရိုင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်မိန့်ကို ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ည ၈ နာရီခွဲလောက်မှာ လက်နက်ကြီးပေါက်ကွဲသံ ၂ ချက် ကြားပြီးနောက် စစ်တပ်ရင်းဘက်ကနေ လက်နက်ကြီး ၁ ဒါဇင်နီးပါးလောက် ပြန်ပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အထိအခိုက်သတင်းကို မကြားရသေးဘူးလို့လည်း ပြောပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ မနက် ၅ နာရီခွဲမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မိနစ် ၃၀ နီးပါးလောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ဖက်စလုံးရဲ့ ထိခိုက်မှု အခြေအနေကို သိရဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကို လက်တလောမှာ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ကျောင်းရွာအခြေစိုက် စစ်တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ကျောင်းရွာက ဒေသခံတွေဟာ ဘေးလွတ်မှာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေ ဒီဇင်ဘာ ၂၉ ရက်ကစလို့ ပိတ်သိမ်းကြဖို့ မော်လမြိုင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်တဲ့အမိန့်ကို ထုတ်ပြန်ထားပါတယ်။

မော်လမြိုင်ခရိုင် PDF ရဲ့ ဒု တာဝန်ခံ ရဲဘော်ရန်နိုင်က “အနီထောင်၊ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေပါ ကျနော်တို့ကို ဆက်ကြေးသဘောလား၊ လိုင်းကြေးလား ညှိဖို့ ကြားထားတာ ရှိပါတယ်။ ဒီလိုကာလမှာ ဒီလိုလောင်းကစားဝိုင်းဖွင့်တာဟာ ဒေသအတွင်း သူခိုး ဓားပြတွေ မွေးထုတ်ပေးသလို ဖြစ်နေပါတယ်။ ဒါ မဖြစ်သင့်ဘူးဗျ” လို့ ပြောပါတယ်။

ဒေသခံတယောက်ကလည်း စစ်တပ်အာဏာသိမ်းကာလအတွင်းမှာ ခိုးဆိုးလုယက်မှု သတင်းတွေဟာ ဒေသအတွင်းမှာ နေ့တိုင်းလိုလို နေရာတိုင်းမှာဖြစ်လာနေတယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013