DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်နှင့် မောင်တောတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်
DVB
·
December 31, 2023
ဘူးသီးတောင်နှင့် မောင်တောတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီဇင်ဘာ ၂၉ ရက်ကစလို့ ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

MPT၊ Atom နဲ့ Ooredoo ကတ်တွေ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ လုံးဝ သုံးလို့မရတော့ကြောင်းနဲ့ Mytel  ဆင်မ်ကတ်ကတော့ ဖုန်းပြောလို့ရပေမဲ့ အင်တာနက်က ဓာတ်ပုံတောင် ဝင်ကြည့်လို့မရတော့ဘူးလို့ မောင်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။

“ဖုန်းလိုင်းတွေပြတ်သွားတော့ ရန်ကုန်၊ မန္တလေး အပါအဝင် ရခိုင်ပြည်နယ်ထဲက တခြားမြို့တွေကို Mytel ဆင်းမ်ကတ်နဲ့ တခြားလိုင်းတွေကို ဖုန်းဆက်ကြည့်တော့ အဆင်ပြေတယ်ဗျ။ ဘူးသီးတောင်နဲ့ မောင်တောမြို့ နှစ်မြို့ပဲ ဆက်သွယ်လို့ မရတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကတ်တွေကလည်း မောင်တောမြို့ထဲမှာ လိုင်းမမိလို့ မြို့ပြင်မှာ လိုင်းမိတဲ့နေရာတွေ ရှာဖွေပြီး အသုံးပြုရတာဖြစ်လို့ လုံခြုံရေးအတွက် စိတ်မချရဘူး”လို့  ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားမှာ ဆက်သွယ်ရေး ကေဘယ်လ်ကြိုးတွေ ပြတ်နေတတာကြောင့် ကုမ္ပဏီဝန်ထမ်းတွေက သွားရောက်ပြုပြင်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် မသွားရဲဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တော်တော်များများမှာ စစ်ကောင်စီတပ်ဘက်က အင်တာနက် အမြန်နှုန်းတွေ လျှော့ချထားတာကြောင့် ပြည်သူတွေအနေနဲ့ သတင်းအချက်လက် စီးဆင်းမှု နှောင့်နှေးကြန့်ကြာသလို Kpay နဲ့ Wave ငွေသွင်းငွေထုတ်လုပ်ငန်းတွေလည်း အခက်ခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေး တာဝါတိုင်တွေဟာ စက်သုံးဆီ ပြတ်နေတာကြောင့်လည်း  ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာလည်း ရှိပါတယ်။

ရခိုင်ပြည်နယ်မှဦ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ဒေါ်လာဈေးတက်တာကြောင့် စက်သုံးဆီစျေးနှုန်းဟာလည်း အရင်ကထက် ၁၀ ဆကျော်လောက် မြင့်တက်သွားတာကြောင့် ဒေသခံပြည်သူတွေ အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013