DVB Logo
Home
မြန်မာသတင်း
သတင်းလုံခြုံမှုရှိရေး ဒုရဲအုပ်လောင်းများကို ရဲချုပ် သတိပေး
DVB
·
December 31, 2023
သတင်းလုံခြုံမှုရှိရေး ဒုရဲအုပ်လောင်းများကို ရဲချုပ် သတိပေး
Donate to DVB

ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်တွင်းလုံခြုံရေးကို စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး သတင်းလုံခြုံရေးကျိုးပေါက်မှု မရှိအောင် သတိထားရမယ်လို့ စစ်ကောင်စီ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်မနက်က  ပြင်ဦးလွင်မြို့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ ပြုလုပ်တဲ့ အမှတ်စဉ် ၁၁၅ ဒုရဲအုပ်လောင်း သင်တန်းဆင်းပွဲမှာ သင်တန်းသား၊ သင်တန်းသူ ၄၃၂ ဦးသင်တန်းဆင်းခဲ့ပြီး ဆုရရှိသူ ၅ ဦးကို ဆုပေးပြီးနောက် ​ပြောဆိုခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဒုရဲအုပ်လောင်းတွေကို ဖရဲသီးဖြစ်မှာစိုးလို့ မှာတာ။ ရဲတွေထဲမှာ သတင်း ပေးတွေရှိနေတော့ စစ်တပ်ပါ ရောပြီးသေနေလို့ ​ကြိုမှာထားတာ။ နောက်တော့ သေနတ်ကို ကျွမ်းကျင်စွာ ပစ်တတ်ဖို့ စစ်နည်းဗျူဟာတွေ လေ့လာဖို့ အဲ့ဒါပဲမှာတယ်။”

ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစတင်တဲ့  ၁၀၂၇ စစ်ဆင်ရေးကြောင့် ရဲမှူးကြီးအပါအဝင် အရာရှိစစ်သည် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီး စပ်သူတဦးက ပြောပါတယ်။

"မြေပြင်မှာ ရှာတွေ့တဲ့ အလောင်းတွေအရ တရာကျော်လောက်ရှိတယ်။ မြို့နယ်တွေရော၊ စခန်းတွေမှာရော သေ​တာ။  အလောင်းရှာမတွေ့တာရော ပျောက်နေတာတွေရော ရှိတယ်။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၅ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၈၄ ယောက်ရှိတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့အတွင်းမှာ အချင်းချင်းစိတ်ဝမ်းကွဲနေပြီး အပြန်အ လှန်တိုင်ကြားမှု  ၂၀၂၃ ခုနှစ်အတွင်း ၄၃၂ မှုရှိခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ပြောပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013