DVB Logo
Home
မြန်မာသတင်း
ဘီးလင်းနှင့်သထုံမြို့တို့က စစ်ရှောင် ၂၆၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်
DVB
·
December 30, 2023
ဘီးလင်းနှင့်သထုံမြို့တို့က စစ်ရှောင် ၂၆၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်
Donate to DVB

မွန်ပြည်နယ်၊ ဘီးလင်းနဲ့ သထုံမြို့နားမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂,၆၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့သူတွေဆီက သိရပါတယ်။

အခု ဒီဇင်ဘာလ ဒုတိယအပတ်လောက်ကစတင်ပြီး ဘီလင်းမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ခဲ့လို့ ဘီလင်းမြို့က ဝင်းတာပန်အထက်ရွာနဲ့ ဝင်းတာပန်ရွာက လူ  ၁,၄၆၈ ယောက်နဲ့ သထုံမြို့၊ ကျုံမိန်ရွာက လူ ၁,၂၀၅ ယောက်၊ စုစုပေါင်း လူ ၂,၆၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကိုကူညီပေးနေသူတယောက်က “အခု စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေလိုအပ်နေတာ။ လှူဒါန်းသူ အနည်းအငယ် တော့ရှိတယ်။ ဒါပေမယ့် တရက်နဲ့ တရက် စစ်ဘေးရှောင်တွေက ပိုများလာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေက ထပ်လိုအပ်နေတယ်။ ကူညီနေတဲ့သူတွေက ကူညီနေပေမယ့်လည်း မလုံလောက်ဘူးဖြစ်နေတာ” လို့ ပြောပါတယ်။

အဲဒီ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေ၊ ကျန်းမာရေး မကောင်းဖြစ်နေသူတွေနဲ့ သက်ကြီးရွယ်အိုတွေက အယောက် ၁,၀၀၀ လောက်အထိ ပါဝင်ပြီး စားနပ်ရိက္ခာနဲ့ ဆေး ဝါးအပြင် တခြားအသုံး အဆောင်ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

သထုံအခြေစိုက် စစ်ဘေးရှောင်အရေး ဆောင်ရွက်နေတဲ့သူတယောက်က “လတ်တလော အနေနဲ့က ကျန်းမာရေးမကောင်းသူတွေ ပါတော့ ဆေးဝါးတွေ လိုတာပေါ့။ အခုက ဆောင်းကာလလေ။ ဒီဘက်မှာ အရမ်းအေးနေပြီး အနွေးထည်တွေနဲ့ ခြုံစောင်တွေလည် လိုအပ်နေတယ်။ လိုအပ်တာတွေမရရင် ကျန်းမာရေး ရှုထောင့်ကနေပြောရင် မကောင်းဘူး” လို့ ပြောပါတယ်။

လတ်တလောမှာတော့ သထုံဘက်မှာ တိုက်ပွဲဖြစ်တာငြိမ်နေပေမယ့် ဘီးလင်းဘက်မှာ တိုက်ပွဲတွေရှိနေပြီး စစ်ဘေးရှောင်တွေ ထပ်တိုးလာဖို့ပဲရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ အခုနှစ် အောက်တိုဘာ ၂၇ ရက်ကနေ  စတင်ပြီး ၁ လကျော် ကာလအတွင်း လူအယောက် ၆၆၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့  ကုလသမဂ္ဂ၊ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013